ဗေဒင်နည်းလမ်းအရ ငွေဝင်းကြမ်းစေမဲ့ ပိုက်ဆံအိတ် အရောင်များ

ဗေဒင်နည်းလမ်းအရ ငွေဝင်းကြမ်းစေမဲ့ ပိုက်ဆံအိတ် အရောင်များ

ဗေဒင် နည်းအရ ပိုက်ဆံအိပ် အရောင်တွေဟာ ငွေဝင် ငွေထွက်စေတယ်ဆိုတဲ့ ဒီလို အယူ အဆလေးတွေ ရှိပါတယ် ။

ရွှေရောင်က- ရွှေငွေ ဥစ္စာ မြဲစေပါတယ် ။

အပြာရောင်က – ဝင်တာလွယ်ပြီး ထွက်တာလည်း လွယ်ပါတယ် ။

အနီရောင်က – များများ ဝင်တယ် ။ မြန်မြန် ထွက်တယ် ။

အဖြူရောင်က – လာဘ် တိတ်တယ် ။

ပန်းရောင်က – ပီယ ကောင်းတယ် ။

အညိုရောင် အစိမ်းရောင် ကော်ဖီရောင် ခရမ်းရောင် အနက်ရောင် စတဲ့ အရောင်တွေကတော့ လာဘ် ရွှင်ပြီး ငွေမြဲ ပါတယ် ။

ပိုက်ဆံအိတ်ကို မကြာ ခဏ လဲပေးပါ ။ သိမ်းလည်း မထားပါနဲ့ ။ ဟောင်းစုတ်ရင် မသုံးပါနဲ့ ။ Second hand ပိုက်ဆံအိတ် များ ဝယ်ယူအသုံးမပြု ပါနဲ့ ။

ပိုက်ဆံအိတ် ထားရန်နေရာ တိတိ ကျကျ သတ်မှတ်ထားပါ ။ ကြမ်းပြင်ပေါ်မချ ပါနဲ့ ။ မလိုသော စာရွက် ဘောက်ချာ လိပ်စာကတ်များ ငွေစက္ကူ အလွန်စုတ်ပြတ် နေတာများ မထားပါနဲ့ ။ ငွေစက္ကူ စုတ်များကို သပ်သပ်စာအိတ်နဲ့ ထားပါ ။

မကြာခဏ အထဲကငွေနဲ့ ပစ္စည်းများထုပ်ပြီး သန့်ရှင်းရေး လုပ်ပါ။ ကရဝေးရွက် တစ်ရွက်လည်း ထည့်ထားပါ ။ ငွေလုံးဝ မရှိသည့် အခြေ အနေ အထိ မထားပါနဲ့ ။ ပိုက်ဆံအိတ် ဘာရောင် ကိုင်ရမလဲ စဉ်းစားရခက်နေသူတွေအတွက် အသုံးတည့်မယ် ထင်ပါတယ်နော် ။ ကဲ အားလုံးပဲ ပိုက်ဆံအိတ်ထဲမှာ ငွေအပြည့် ထည့်ထား နိုင်ကြပါစေရှင်။ crd to owner

Add a Comment

Your email address will not be published. Required fields are marked *