မွေးနေ့အမှတ်တရ အိမ်ခြေ ၄၀၀ စာ ဆန်နှင့် ငွေသားအချို့ လှူဒါန်းခဲ့တဲ့ အဆိုတော် ချယ်ရီသင်း

မွေးနေ့အမှတ်တရ အိမ်ခြေ ၄၀၀ စာ ဆန်နှင့် ငွေသားအချို့ လှူဒါန်းခဲ့တဲ့ အဆိုတော် ချယ်ရီသင်း

အဆိုတော် ချယ်ရီသင်းသည် ယမန်နေ့ ( ဒီဇင်ဘာ ၃၁ ရက်) က မွေးနေ့အကြို အမှတ်တရအဖြစ် အိမ်ခြေ ၄၀၀ စာ ဆန်နှင့် ငွေသား အချို့လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ (ဇန်နဝါရီ ၁ ရက်) တွင် ကျရောက် သည့် မွေးနေ့ အတွက် ရည်ရွယ်ကာ လှိုင်သာယာ မြို့နယ်၊ ၁၉ ရပ်ကွက်နေ ပြည်သူများကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အဆိုတော် ချယ်ရီသင်းက ဆိုသည်။

အိမ်ခြေ ၄၀၀ စာ လှူဒါန်းရာတွင် အမှန်တကယ် လိုအပ်နေသည့် နေရာများကို ဦးစားပေး လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” လှူဖြစ်တာက အရင်ကလည်း လှူဖြစ်တယ်။ ဒီနောက် ပိုင်းမှာကျ ကိုဗစ်တွေ ၊ အခုလို အခြေအနေ မကောင်းတဲ့ အနေအထား တစ်ခုမှာကျ ကိုယ်နိုင်သလောက် ကိုယ့်နားမှာရှိ တဲ့ လူတွေကို ကူညီတဲ့ သဘောပေါ့နော်။

ချယ်ရီ အမြဲလှူတိုင်း ယုံကြည်စွာ ပါဝင် လှူဒါန်းတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေကိုလည်း ကျေးဇူးတင်တယ် ။ နောက်လည်းနိုင်သလောက် လှူဖြစ်သွားဖို့ရှိပါတယ် ” ဟု အဆိုတော် ချယ်ရီသင်းက ဆိုသည်။

အဆိုတော် ချယ်ရီသင်းသည် ” ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်” သီချင်းဖြင့် လူသိများခဲ့ပြီး အပျိုကြီး ၊ ဆောင်းဝင်တော့မည့် အစရှိသည့် သီချင်းများလည်း လူငယ် ပရိသတ်များ အကြားတွင် ရေပန်းစား ကျော်ကြား ခဲ့သ ည်။ crd – ဓာတ်ပုံ – ချယ်ရီသင်း (FB)

Be the first to comment

Leave a comment

Your email address will not be published.


*