ေရခဲေခတ္အတြင္း ေနာက္ဆုံးမ်ိဳးတုန္း ေပ်ာက္ကြယ္သြားခဲ့တဲ့ အေမႊးရွည္ဆင္ mammoth ေတြရဲ့ ဧရာမသခၤ်ိဳင္းတစ္ခုကို အဂၤလန္မွာရွာေဖြေတြ႕ရွိ

ေရခဲေခတ္အတြင္း ေနာက္ဆုံးမ်ိဳးတုန္း ေပ်ာက္ကြယ္သြားခဲ့တဲ့ အေမႊးရွည္ဆင္ mammoth ေတြရဲ့ ဧရာမ သခၤ်ိဳင္းတစ္ခုကို အဂၤလန္မွာ ရွာေဖြေတြ႕ရွိ

အဂၤလန္နိုင္ငံ အေနာက္ေတာင္ပိုင္း၊ Swindon ရွိ ေက်ာက္မိုင္းတစ္ခုမွာ ေနာက္ဆုံးေရခဲေခတ္ အတြင္း ေသဆုံးသြားခဲ့တဲ့ အနည္းဆုံး ႏွစ္ ၂၀၀,၀၀၀ သက္တမ္းရွိ ဧရာမ” Mammoth” သခၤ်ိဳင္းတစ္ခုကို သုေတသန ပညာရွင္ေတြက တူးေဖာ္ေတြ႕ရွိ ခဲ့ပါတယ္။

အဆိုပါ ႐ုပ္ႂကြင္ းသခၤ်ိဳင္းမွာေတာ့ ကေလးငယ္(၁) ေကာင္ ၊ အရြယ္ မေရာက္ေသးသူ (၂) ေကာင္ႏွင့္ အရြယ္ေရာက္ၿပီးတဲ့ (၂) ေကာင္တို့ရဲ့ အရိုးအႂကြင္း အက်န္မ်ားကို ေတြ႕ရွိခဲ့တာပါ ။

ရွာေဖြေတြ႕ရွိခဲ့တဲ့ ” Mammoth ” (၅) ေကာင္ရဲ့ အရိုးစုမ်ားဟာ ႏူးညံ့သိမ္ေမြ႕တဲ့ ပိုးေတာင္ပံမ်ား၊ ႏုနယ္တဲ့ ေရခ်ိဳခ ႐ုခြံမ်ားႏွင့္ အစြယ္မ်ား၊ ေျခေထာက္အရိုးမ်ား၊ နံရိုးမ်ားႏွင့္ ေက်ာရိုးမ်ားကဲ့သို့ေသာ ပိုးေတာင္ပံမ်ားအပါအဝင္ ေရခဲေခတ္အႂကြင္းအက်န္မ်ားကိုပါ ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ႀကီးမားလွတဲ့ ႐ုပ္ႂကြင္းမ်ားႏွင့္အတူ လက္ပုဆိန္ႏွင့္ သစ္လြင္ေသာ တိရိစၧာန္မ်ား ပုန္းေအာင္းရန္ အသုံးျပဳတဲ့ မီးေက်ာက္ငယ္မ်ား အပါအဝင္ အျခား ေက်ာက္ကိရိယာမ်ားကိုပါ ရရွိခဲ့တာျဖစ္ပါတယ္။

” mammoth အရိုးမ်ားကို ရွာေဖြျခင္းဟာ အျမဲတမ္း ထူးထူးျခားျခား ျဖစ္ေသာ္လည္း အလြန္ေဟာင္းေနၿပီး ထိန္းသိမ္းထားနိုင္တဲ့ အစိတ္အပိုင္းမ်ားကို ရွာေဖြျခင္းျဖစ္လို့ Neanderthal ေက်ာက္တုံးမ်ား အနီးအနားတြင္ ထူးထူးျခားျခား ျဖစ္ေနခဲ့တယ္”လို့ DigVentures ရဲ့ ပူးတြဲတည္ေထာင္သူ Lisa Westcott Wilkins က ထုတ္ျပန္ခ်က္တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

အေပ်ာ္တမ္း ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း တူးေဖာ္တဲ့ သုေတသီ Sally ႏွင့္ Neville Hollingworth ႏွစ္ဦး တို့ဟာ အဆိုပါ သခၤ်ိဳင္းကေန Neanderthal ရဲ့ လက္နက္ ကိရိယာမ်ားကိုပါ ရွာေဖြေတြ႕ရွိ ခဲ့တာျဖစ္ပါတယ္။ crd

Unicode … ရေခဲခေတ်အတွင်း နောက်ဆုံးမျိုးတုန်း ပျောက်ကွယ်သွားခဲ့တဲ့ အမွှေးရှည်ဆင် mammoth တွေရဲ့ ဧရာမ သင်္ချိုင်းတစ်ခုကို အင်္ဂလန်မှာ ရှာဖွေတွေ့ရှိ

အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း၊ Swindon ရှိ ကျောက်မိုင်းတစ်ခုမှာ နောက်ဆုံးရေခဲခေတ် အတွင်း သေဆုံးသွားခဲ့တဲ့ အနည်းဆုံး နှစ် ၂၀၀,၀၀၀ သက်တမ်းရှိ ဧရာမ” Mammoth” သင်္ချိုင်းတစ်ခုကို သုတေသန ပညာရှင်တွေက တူးဖော်တွေ့ရှိ ခဲ့ပါတယ်။

အဆိုပါ ရုပ်ကြွင် းသင်္ချိုင်းမှာတော့ ကလေးငယ်(၁) ကောင် ၊ အရွယ် မရောက်သေးသူ (၂) ကောင်နှင့် အရွယ်ရောက်ပြီးတဲ့ (၂) ကောင်တို့ရဲ့ အရိုးအကြွင်း အကျန်များကို တွေ့ရှိခဲ့တာပါ ။

ရှာဖွေတွေ့ရှိခဲ့တဲ့ ” Mammoth ” (၅) ကောင်ရဲ့ အရိုးစုများဟာ နူးညံ့သိမ်မွေ့တဲ့ ပိုးတောင်ပံများ၊ နုနယ်တဲ့ ရေချိုခ ရုခွံများနှင့် အစွယ်များ၊ ခြေထောက်အရိုးများ၊ နံရိုးများနှင့် ကျောရိုးများကဲ့သို့သော ပိုးတောင်ပံများအပါအဝင် ရေခဲခေတ်အကြွင်းအကျန်များကိုပါ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကြီးမားလှတဲ့ ရုပ်ကြွင်းများနှင့်အတူ လက်ပုဆိန်နှင့် သစ်လွင်သော တိရိစ္ဆာန်များ ပုန်းအောင်းရန် အသုံးပြုတဲ့ မီးကျောက်ငယ်များ အပါအဝင် အခြား ကျောက်ကိရိယာများကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။

” mammoth အရိုးများကို ရှာဖွေခြင်းဟာ အမြဲတမ်း ထူးထူးခြားခြား ဖြစ်သော်လည်း အလွန်ဟောင်းနေပြီး ထိန်းသိမ်းထားနိုင်တဲ့ အစိတ်အပိုင်းများကို ရှာဖွေခြင်းဖြစ်လို့ Neanderthal ကျောက်တုံးများ အနီးအနားတွင် ထူးထူးခြားခြား ဖြစ်နေခဲ့တယ်”လို့ DigVentures ရဲ့ ပူးတွဲတည်ထောင်သူ Lisa Westcott Wilkins က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အပျော်တမ်း ကျောက်ဖြစ် ရုပ်ကြွင်း တူးဖော်တဲ့ သုတေသီ Sally နှင့် Neville Hollingworth နှစ်ဦး တို့ဟာ အဆိုပါ သင်္ချိုင်းကနေ Neanderthal ရဲ့ လက်နက် ကိရိယာများကိုပါ ရှာဖွေတွေ့ရှိ ခဲ့တာဖြစ်ပါတယ်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*