Unicode …ရော့ကာကြီး လေးဖြူ မျက်နှာ ချောင်ကျသွားရတဲ့ အကြောင်းအရင်း
အဆိုတော် ရော့ကာကြီးလေးဖြူ၏ လတ်တလော ပုံများနှင့်ပတ်သက်၍ နီးစပ်သူမိသားစုဝင် ရှင်းလင်း
လတ်တလော လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် အဆိုတော်လေးဖြူ၏ ပုံများနှင့်ပတ်သက်၍ ပရိသတ်များကြားတွင် စိုးရိမ်ပူပန်မှုများနှင့် ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိနေပါသည်။
အဆိုတော် ရော့ကာကြီး လေးဖြူသည် ကျန်းမာစွာရှိနေပြီး အသည်းကင်ဆာခံစားနေရသည်မှာ မဟုတ်ကြောင်း လေးဖြူနှင့်နီးစပ်သူ မိသားစုဝင်တဦးက နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် လူမှုကွန်ရက်ပေါ်သို့ ရှင်းလင်းရေးသားထားသည်မှာ အောက်ပါအတိုင်းဖြစ်သည်။
“လေးဖြူရဲ့ ကျန်းမာရေးကိုစိုးရိမ်တကြီး မေးတဲ့သူများကို ကျေးဇူးတင်ပါတယ်။ မြင်နေကြထက် ပိုပြီးအိုစာရတာက သွားတု မတပ်ရသေးလို့ပါ ။ အင်မတန်မှ စိတ်လက် မပျော်ကြချိန် personal မတင်ချင်ပါဘူး။
သို့ပေမယ့် မရေးမဖြစ် လို့ပါ။ အသည် းကင်ဆာလည်း မဟုတ်ပါဘူး။ ဖြစ်ခဲ့မယ် ဆိုရင်လည်း မဆန်းပါဘူး။ လူတိုင်း တနေ့မဟုတ်တနေ့ သွားကြရမယ့်လမ်းဆုံးပါပဲ” လို့ ရှင်းလင်းရေးသားထားပါတယ် ။ crd
Be the first to comment