Unicode … ရေဘေးသင့်ဒေသသို့ ရောက်ရှိလာတဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းပရွတ်အား ပြည်သူတစ်ချို့က ဆန္ဒပြမောင်းထုတ်
ဒီနေ့ ထိုင်းနိုင်ငံ ချိုင်းယဖုမ်းခရိုင် အတွင်းရှိ ရေဘေးသင့်နေသော မြို့နယ်များကို လော်စပီကာ ကိုင်ကာရောက်ရှိလာတဲ့ ထိုင်းဝန်ကြီးချုပ်ကို “ ကျတူရတ် “ မြို့ဒေသခံတွေက ဝန်ကြီးချုပ် ရှေ့မှောက်၌ ပေါ်ပေါတင်တင် ငြိမ်းချမ်းစွာ လက်သုံးချောင်း ထောင်ကာ မောင်းထုတ် ဆန္ဒပြခဲ့ ကြပါတယ် ။
ဘယ်ရောက်ရောက် မကြာခဏ မောင်းထုတ်ခံနေရတဲ့ ပရွတ်ကတော့ သူ့အတွက်ဒါဟာ ရိုးအီကာ ကျင့်သားရနေပြီမို့ နားလည်ခွင့်လွှတ်တဲ့ မျက်နှာပေးနဲ့ ကားပေါ်မှာ ငုတ်တုတ်ထိုင်ကြည့်နေခဲ့ပါတယ် ။ သူ့ကိုမလိုလားတဲ့ ပြည်သူတွေကလည်း မကျေနပ်ကြတဲ့ မျက်နှာပေးတွေနဲ့ မိုးထဲလေထဲ ဆန္ဒပြခဲ့ကြပါတယ် ။
နောက်ဆုံးတွင် ဝန်ကြီးချုပ်နဲ့ ဒေသခံတွေအကြား အပြန်အလှန် မျက်လုံးချင်းစကားပြောကာ ဘုကြည့်ကြည့်၍ မအီမသာဖြင့် လမ်းခွဲလိုက်ကြသည်ဟု သိရှိရ ။ Source ; SiThuMaung
Add a Comment
Your email address will not be published. Required fields are marked *