ေရွာင္တိမ္းေနရစဥ္ ပိုင္ဆိုင္မွုတခ်ိဳ့ကို မိတ္ေဆြမ်ားထံအပ္ႏွံခဲ့ရာမွ ျပန္ေတာင္းမရ ျဖစ္ေနတဲ့အေႀကာင္းရင္ဖြင့္လာတဲ့ အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္း

ေရွာင္တိမ္းေနရစဥ္ ပိုင္ဆိုင္မွုတခ်ိဳ့ကို မိတ္ေဆြမ်ားထံ အပ္ႏွံခဲ့ရာမွ ျပန္ေတာင္းမရျဖစ္ေနတဲ့အေႀကာင္း ရင္ဖြင့္လာတဲ့ အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္း

ျဖဴျဖဴေက်ာ္သိန္းကို ၅၀၅ စာရင္းမွာ ထည့္သြင္းခံ ရခ်ိန္မွာေတာ့ မိဘေတြကို သင့္ေတာ္ရာမွာ ေရြ႕ေျပာင္းၿပီး သူ႔အႏုပညာ အလုပ္နဲ႔ ရရွိထားတဲ့ ေခၽြးနည္းစာ ေလးေတြကို ယုံၾကည္ ရတယ္လို့ ယူဆထားတဲ့ မိတ္ရင္း ေဆြရင္းေတြထံမွာ ေခတၱအပ္ႏွံၿပီး ေရွာင္တိမ္းေနခဲ့ရပါတယ္။ အဲ့ဒီေနာက္ အပ္ႏွံထားသူေတြထံမွာ ျပန္လည္ေတာင္းယူတဲ့ အခ်ိန္မွာေတာ့ ႐ူးခ်င္ေယာင္ေဆာင္ကာ ပတ္ေျပးေနၾကေၾကာင္း ျဖဴျဖဴေက်ာ္သိန္းက အင္စတာဂရမ္မွာ ျဖစ္စဥ္ကို ေရးသားထား ပါတယ္။

” ေရနစ္သူ ဝါးကူထိုးၾကရာဝယ္ … ၅၀၅(က)နဲ႕ အမႉဖြင့္ခံရလို႔ မက်န္းမာတဲ့ မိအိုဖအိုကိုပစ္ၿပီး ပုန္းရေရွာင္ရ ၊ စိတ္ဒုကၡမ်ိဳးစုံႀကဳံရ ၊ ဘာ အလုပ္မွမလုပ္ရလို႔ ဝင္ေငြလုံးဝမရွိရတဲ့ထဲ … လူယုံသတ္ခံရတာ ခံရခက္ဆုံးပဲ🥺 ဒုကၡေရာက္ခ်ိန္မို႔ ကိုယ္တစ္သက္လုံး ရိုးရိုးသားသား ရွာထားခဲ့တဲ့ ေခြၽးနည္းစာေလးကို ယုံၿပီးခဏ အပ္ထားခဲ့မိပါတယ္ … ခုလိုလို႔ ျပန္လည္းေတာင္းေရာ ႐ူးခ်င္ေယာင္ေဆာင္ ပတ္ေျပးၾကေရာ!🙄

တစ္ေယာက္မဟုတ္ဘူးေနာ္ …၂ ေယာက္ေတာင္!😳 ပထမ တစ္ေယာက္ကေတာ့ သူ႕အေနအထားအရ ဒီပိုက္ဆံကို မက္လို႔ဆိုလည္ းထားပါေတာ့ … ေနာက္ဆုံး ကိုယ့္ပိုက္ဆံကိုယ္ ျပန္ရဖို႔အေရး ေရွ႕ေနခပါ အကုန္ခံၿပီးလ နဲ႕ခ်ီ သူခိုးဖမ္းသလို မိတ္ပ်က္ခံလိုက္ဖမ္းမွ မတတ္သာတဲ့ အဆုံးျပန္ေပးေလရဲ႕ ။ 😓

ခုတစ္ေယာက္ကေတာ့ ကိုယ့္ထက္လည္း ခ်မ္းသာ၊ အသိုင္းအဝိုင္း အျမင့္ကလည္းလာတာမို႔ ဒီပိုက္ဆံ ေလာက္နဲ႕ေတာ့ နာမည္ပ်က္ မခံေလာက္ဘူး ထင္ထားတာ … ခုေတာ့ amazing တင္မက jaw drop ပါျဖစ္ေန ရၿပီ ! 😱 ဘယ္သူေတြလဲ ဆိုတာသာ သိရင္ ကိုယ့္လိုပဲ အားလုံးလည္း shock ရသြားၾကမယ္ထင္ရဲ႕ …😔 ဘဝတူ ေမာင္ႏွမေတြလည္း ခုလို အစစအရာရာ ခက္ခဲေနခ်ိန္မွာ လူလိမ္ လူေကာက္ေတြရဲ႕ လူယုံသတ္ခံရျခင္း ကကင္းေဝးၾကပါေစ 🙏 ” ဆုိၿပီး သူမရဲ႕ အင္စတာဂရမ္ အေကာင့္မွာ မ်ွေဝ ထားပါတယ္ ။ crd

Unicode … ရှောင်တိမ်းနေရစဉ် ပိုင်ဆိုင်မှုတချို့ကို မိတ်ဆွေများထံ အပ်နှံခဲ့ရာမှ ပြန်တောင်းမရဖြစ်နေတဲ့အကြောင်း ရင်ဖွင့်လာတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းကို ၅၀၅ စာရင်းမှာ ထည့်သွင်းခံ ရချိန်မှာတော့ မိဘတွေကို သင့်တော်ရာမှာ ရွေ့ပြောင်းပြီး သူ့အနုပညာ အလုပ်နဲ့ ရရှိထားတဲ့ ချွေးနည်းစာ လေးတွေကို ယုံကြည် ရတယ်လို့ ယူဆထားတဲ့ မိတ်ရင်း ဆွေရင်းတွေထံမှာ ခေတ္တအပ်နှံပြီး ရှောင်တိမ်းနေခဲ့ရပါတယ်။ အဲ့ဒီနောက် အပ်နှံထားသူတွေထံမှာ ပြန်လည်တောင်းယူတဲ့ အချိန်မှာတော့ ရူးချင်ယောင်ဆောင်ကာ ပတ်ပြေးနေကြကြောင်း ဖြူဖြူကျော်သိန်းက အင်စတာဂရမ်မှာ ဖြစ်စဉ်ကို ရေးသားထား ပါတယ်။

” ရေနစ်သူ ဝါးကူထိုးကြရာဝယ် … ၅၀၅(က)နဲ့ အမှူဖွင့်ခံရလို့ မကျန်းမာတဲ့ မိအိုဖအိုကိုပစ်ပြီး ပုန်းရရှောင်ရ ၊ စိတ်ဒုက္ခမျိုးစုံကြုံရ ၊ ဘာ အလုပ်မှမလုပ်ရလို့ ဝင်ငွေလုံးဝမရှိရတဲ့ထဲ … လူယုံသတ်ခံရတာ ခံရခက်ဆုံးပဲ🥺 ဒုက္ခရောက်ချိန်မို့ ကိုယ်တစ်သက်လုံး ရိုးရိုးသားသား ရှာထားခဲ့တဲ့ ချွေးနည်းစာလေးကို ယုံပြီးခဏ အပ်ထားခဲ့မိပါတယ် … ခုလိုလို့ ပြန်လည်းတောင်းရော ရူးချင်ယောင်ဆောင် ပတ်ပြေးကြရော!🙄

တစ်ယောက်မဟုတ်ဘူးနော် …၂ ယောက်တောင်!😳 ပထမ တစ်ယောက်ကတော့ သူ့အနေအထားအရ ဒီပိုက်ဆံကို မက်လို့ဆိုလည် းထားပါတော့ … နောက်ဆုံး ကိုယ့်ပိုက်ဆံကိုယ် ပြန်ရဖို့အရေး ရှေ့နေခပါ အကုန်ခံပြီးလ နဲ့ချီ သူခိုးဖမ်းသလို မိတ်ပျက်ခံလိုက်ဖမ်းမှ မတတ်သာတဲ့ အဆုံးပြန်ပေးလေရဲ့ ။ 😓

ခုတစ်ယောက်ကတော့ ကိုယ့်ထက်လည်း ချမ်းသာ၊ အသိုင်းအဝိုင်း အမြင့်ကလည်းလာတာမို့ ဒီပိုက်ဆံ လောက်နဲ့တော့ နာမည်ပျက် မခံလောက်ဘူး ထင်ထားတာ … ခုတော့ amazing တင်မက jaw drop ပါဖြစ်နေ ရပြီ ! 😱 ဘယ်သူတွေလဲ ဆိုတာသာ သိရင် ကိုယ့်လိုပဲ အားလုံးလည်း shock ရသွားကြမယ်ထင်ရဲ့ …😔 ဘဝတူ မောင်နှမတွေလည်း ခုလို အစစအရာရာ ခက်ခဲနေချိန်မှာ လူလိမ် လူကောက်တွေရဲ့ လူယုံသတ်ခံရခြင်း ကကင်းဝေးကြပါစေ 🙏 ” ဆိုပြီး သူမရဲ့ အင်စတာဂရမ် အကောင့်မှာ မျှဝေ ထားပါတယ် ။ crd

Add a Comment

Your email address will not be published. Required fields are marked *