လောင်စာဆီ အကြပ်တည်းကာလမှာ ဓာတ်ဆီဆိုင်အထိ ကားကိုဆံပင်နဲ့ဆွဲလာခဲ့တဲ့ ကမ္ဘာ့ဂင်းနစ် စံချိန်ရှင် အမျိုးသမီး

လောင်စာဆီ အကြပ်တည်းကာလမှာ ဓာတ်ဆီဆိုင်အထိ ကားကိုဆံပင်နဲ့ဆွဲလာခဲ့တဲ့ ကမ္ဘာ့ဂင်းနစ် စံချိန်ရှင် အမျိုးသမီး

အမ်အက်စ် ဓာတ်ဆီပြတ်လပ်မှုကြောင့် ဗြိတိန် နိုင်ငံနဲ့ တစ်ဝှမ်းလုံးတွင် အခက်အခဲများ ရင်ဆိုင်နေကြရပါတယ်။ ဒါပေမယ့် ထိတ်လန့်ဖွယ်ကြယ်ပွင့် ဆပ်ကပ်မှ ဖျော်ဖြေသူဖြစ်တဲ့ အမ်နာစတေရှာ စာဝီကာ ကတော့ ဓာတ်ဆီပြတ်လပ်မှု အကျပ်အတည်းကနေ တစ်မူထူးခြားတဲ့နည်းလမ်းနဲ့ အခွင့်အလမ်းကောင်းရသွားခဲ့ပါတယ်။

၃၄ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ အမ်နာစတေရှာဟာ ၄တန်အလေးချိန်ရှိတဲ့ ဗင်ကားကို ဓာတ်ဆီဆိုင်သို့ ရောက်အောင် သူမရဲ့ ဆံပင်နဲ့ ချိတ်ဆွဲပြီး ဆွဲလာခဲ့တာဖြစ်ပါတယ်။

ထိုပြကွက်ဟာ ဓာတ်ဆီပြတ်လပ်မှုကြောင့် ဓာတ်ဆီချွေတာရေးကို အသိပေးနိုင်ရုံတင်မကဘဲ ခရော်လေနဲ့ ဘလက်ပူးတို့မှာ ရှိတဲ့ ဆပ်ကပ်ဖျော်ဖြေပွဲတွေကို လူပိုသိအောင် ကြော်ညာခဲ့နိုင်တယ်လို့ ဆိုပါတယ်။

လန်ဒန်မြို့ရဲ့ မော်တော်ယာဉ်များဖြင့် အလုပ်ရှုပ်နေသော မြို့လယ်ခေါင်မှာ ကားကို ဆံပင်နဲ့ ဆွဲလာပြခဲ့တဲ့ အမ်နာစတေရှာရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ စတန့်ပြကွက်ဟာ မြင်သူတိုင်းကို အံ့သြမှင်သက်သွားစေခဲ့ရပါတယ်။ အမ်နာစတေရှာဟာ အသန်မာဆုံး ဆံပင်ပိုင်ရှင်အဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန် တင်ထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အမ်နာစတေရှာဟာ နိုဝင်ဘာ ၆ ရက်နေ့ အထိ ခရော်လေရှိ Tully’s Shock Toberfest နဲ့ West Sussex စသည်တို့တွင် အခြားသော ဖျော်ဖြေသူများနဲ့ အတူ စိတ်လှုပ်ရှားဖွယ်ရာ ဆပ်ကပ်များကို ဖျော်ဖြေပေးသွားမှာပဲ ဖြစ်ပါတယ်။

အမ်နာစေတေရှာဟာ ဆပ်ကပ်တွင် ပါဝင်ဖို့ အတွက် ဇီဝ သုတေ သနကို စွန့်လွှတ်ခဲ့ပြီး တရုတ်တို့ရဲ့ ရှေးရိုးရာ ဆပ်ကပ်ဖြစ်တဲ့ ဆံပင်နဲ့ချိတ်ဆွဲခြင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူ တစ်ဦးဖြစ်ပါတယ်။Myanmar Platform

Be the first to comment

Leave a comment

Your email address will not be published.


*