ေျပတီဦး အိျႏၵာေက်ာ္ဇင္ လူမင္း ပိုင္တံခြန္ ဒါရိုက္တာဝိုင္းနဲ႔ မဝင္းမင္းသန္းတို့ကို ဒီေန႔လႊတ္မည္

ေျပတီဦး အိျႏၵာေက်ာ္ဇင္ လူမင္း ပိုင္တံခြန္ ဒါရိုက္တာဝိုင္းနဲ႔ မဝင္းမင္းသန္းတို့ကို ဒီေန႔လႊတ္မည္

ပုဒ္မ ၅၀၅-က နဲ႔ ေထာင္ဒဏ္ သုံးႏွစ္စီ ခ်မွတ္ ခံထားရတဲ့ အကယ္ဒမီ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္ ၊ သ႐ုပ္ေဆာင္ လူမင္း၊ ပိုင္တံခြန္၊ မဝင္းမင္းသန္းနဲ႔ မၾကာေသးခင္က ဖမ္းဆီးခံထားရတဲ့ ဒါရိုက္တာ ဝိုင္းတို့ကို ဒီေန႔ မတ္လ ၂ မွာ လႊတ္ေပးမယ္လို့ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။

ဘာအထိမ္း အမွတ္မွမ ရွိဘဲ ဒီတိုင္း လႊတ္ေပးတာျဖစ္ၿပီး ဘာေၾကာင့္ လႊတ္တယ္ဆိုတာ အေသးစိတ္ မေျပာဘဲ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးခဲ့တယ္လို့ သူက ေျပာပါတယ္။ ဒီေန႔လႊတ္ေပးမယ့္ သူေတြထဲမွာ မေလးရွား နိုင္ငံသားတစ္ဦးလည္း ပါဝင္တယ္လို့ သူက ဆက္ေျပာပါတယ္။

အခုလႊတ္ေပးမယ့္ အထဲမွာ အဆိုေတာ္ ပိုပိုနဲ႔ ရဲတိုက္တို့ ပါဝင္ျခင္ းမရွိတာကို ေတြ႕ရပါတယ္ ။ အဆိုေတာ္ ပိုပိုဟာလည္း ပုဒ္မ ၅၀၅-က နဲ႔ေထာင္ဒဏ္သုံးႏွစ္ စစ္ေကာင္စီ ကခ်မွတ္ထားၿပီး သ႐ုပ္ေဆာင္ ရဲတိုက္ကလည္း ေနာက္ထပ္ အမွုတစ္ခုနဲ႔ ထပ္မံရင္ဆိုင္ ေနရတာျဖစ္ပါတယ္။ Crd

Unicode … ပြေတီဦး အိန္ဒြာကျော်ဇင် လူမင်း ပိုင်တံခွန် ဒါရိုက်တာဝိုင်းနဲ့ မဝင်းမင်းသန်းတို့ကို ဒီနေ့လွှတ်မည်

ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ် ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင် ၊ သရုပ်ဆောင် လူမင်း၊ ပိုင်တံခွန်၊ မဝင်းမင်းသန်းနဲ့ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာ ဝိုင်းတို့ကို ဒီနေ့ မတ်လ ၂ မှာ လွှတ်ပေးမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

ဘာအထိမ်း အမှတ်မှမ ရှိဘဲ ဒီတိုင်း လွှတ်ပေးတာဖြစ်ပြီး ဘာကြောင့် လွှတ်တယ်ဆိုတာ အသေးစိတ် မပြောဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီနေ့လွှတ်ပေးမယ့် သူတွေထဲမှာ မလေးရှား နိုင်ငံသားတစ်ဦးလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလွှတ်ပေးမယ့် အထဲမှာ အဆိုတော် ပိုပိုနဲ့ ရဲတိုက်တို့ ပါဝင်ခြင် းမရှိတာကို တွေ့ရပါတယ် ။ အဆိုတော် ပိုပိုဟာလည်း ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ် စစ်ကောင်စီ ကချမှတ်ထားပြီး သရုပ်ဆောင် ရဲတိုက်ကလည်း နောက်ထပ် အမှုတစ်ခုနဲ့ ထပ်မံရင်ဆိုင် နေရတာဖြစ်ပါတယ်။ Crd

Be the first to comment

Leave a comment

Your email address will not be published.


*