ဒုတိယအကြိမ် အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ်ဒုံးကျည် ပစ်လွှတ်စမ်းသပ်လိုက်တဲ့ မြောက်ကိုရီးယား

ဒုတိယအကြိမ် အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ်ဒုံးကျည် ပစ်လွှတ်စမ်းသပ်လိုက်တဲ့ မြောက်ကိုရီယား

မြောက်ကိုရီးယားဟာ ယခုသီတင်းပတ်မှာ အသံထက်မြန် ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီး ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းအေဂျင်စီ KCNA က ဇန်နဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲတွေ ရပ်တန့်နေစဉ်အတွင်း စစ်လက်နက်စွမ်းရည်သစ်တွေ ရရှိရေးကြိုးပမ်းနေတဲ့ နိုင်ငံက ဒုတိယမြောက် ဟိုက်ပါဆောနစ်လက်နက် စမ်းသပ်ခဲ့မှုဖြစ်ပါတယ်။

အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၅ ရက်နေ့မှာ လက်နက်ပစ်လွှတ်ခဲ့တာဖြစ်ကာ ဒါကို ဒေသတွင်း စစ်တပ်များစွာက ထောက်လှမ်းတွေ့ရှိခဲ့ကြပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ အစိုးရတွေက ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဟိုက်ပါဆောနစ်ဒုံးကျည်ကို ပထမဆုံး စမ်းသပ်ပစ်လွှတ်ပြခဲ့ခြင်းဖြင့် ခေတ်မီလက်နက်စနစ်များ ဖြန့်ကျက်ဖို့ကြိုးစားနေတဲ့ အဓိက စစ်အင်အားကြီး နိုင်ငံတွေ ဦးဆောင်သော ပြိုင်ပွဲအတွင်း ဝင်ရောက်လာခဲ့ပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ ပုံမှန်အားဖြင့် ပဲ့ထိန်းဒုံးတွေထက်စာရင် ပစ်မှတ်တွေဆီကို အနိမ့်ပျံသန်းသွားရောက်ပြီး အသံထက် ငါးဆကျော်ပိုမြန်ကာ ကီလိုမီတာ ၆၂၀၀ အထိ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

အသံထက်မြန်ဒုံးလို့ အမည်တွင်ပေမယ့် ဟိုက်ပါဆောနစ် (တစ်ခါတရံ ပဲ့ထိန်းဒုံးတွေနဲ့ မြန်နှုန်းညီ သို့မဟုတ် သာလွန်) တွေရဲ့ အဓိကအင်္ဂါရပ်ဟာ မြန်နှုန်းမဟုတ်ဘဲ ထိန်းကြောင်းပျံသန်းနိုင်စွမ်းဖြစ်တယ်လို့ ဆိုပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည်ကဏ္ဍ စမ်းသပ်ပစ်လွှတ်မှုတွေ အောင်မြင်မှုတိုင်းဟာ နိုင်ငံတော်ရဲ့ ခေတ်မီဗျူဟာမြောက် လက်နက်ကိုင်တပ်ဖွဲ့ဖော်ဆောင်ရေး တာဝန်ကို အလျင်အမြန်လုပ်ဆောင်ရာမှာ ဗျူဟာမြောက် အရေးပါတယ်လို့ KCNA က ပြောဆိုခဲ့ပါတယ်။ CNA

Be the first to comment

Leave a comment

Your email address will not be published.


*