မြောက်ကိုရီးယားတွင် Squid Game ဇာတ်လမ်းတွဲ ကြည့်သည့် ကျောင်းသားခုနစ်ယောက် ထောင်ဒဏ်အပြစ်ပေးခံရ
တောင်ကိုရီးယားရဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Squid Game ဇာတ်လမ်းတွဲကို ကြည့်မိတယ်ဆိုတဲ့ ပြစ်မှုနဲ့ မြောက်ကိုရီးယား နိုင်ငံအတွင်းက အထက်တန်းကျောင်းသား ခုနစ်ယောက်ဟာ တစ်ဦးကို အနည်းဆုံး ထောင်ဒဏ် (၅)နှစ်စီ ချမှတ်ခြင်း ခံခဲ့ရပါတယ်။
Netflix ကနေ ထုတ်လုပ်လိုက်ပြီး ကမ္ဘာ့အနှံ့ လူသိများအောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ အသက်ပေးပြီး ဂိမ်းကစားသူတွေအကြောင်း ရိုက်ကူးထား တာဖြစ်ပြီး များပြားတဲ့ ကြည့်ရှုသူတွေကို ရရှိခဲ့တာပါ။
RFA သတင်းရဲ့ ဖော်ပြချက်အရ မြောက်ကိုရီးယား အာဏာပိုင်တွေဟာ ဒီဇာတ်လမ်းတွဲကို ကူးယူပြီး ရောင်းချခဲ့သူကို သေဒဏ်ချမှတ်ခဲ့ပြီး ကြည့်ရှုသူ ကျောင်းသား ခုနစ်ယောက်ကိုတော့ အနည်းဆုံး ထောင်ဒဏ် (၅) နှစ်စီ ချမှတ်ခဲ့ပါတယ်။
ကူးယူရောင်းချခဲ့သူဟာ ဒီဇာတ်လမ်းတွဲကို တရုတ်နိုင်ငံတွင်းကနေ ကူးခဲ့တာ ဖြစ်ပြီး မန်မိုရီစတစ်ထဲ ထည့်ကာ အထက်တန်းကျောင်းသားတွေဆီ ရောင်းချခဲ့တာပါ။
ဒီ ဇာတ်လမ်းတွဲကို ဦးဆောင် ဝယ်ယူတဲ့ ကျောင်းသားဟာ နှစ်ရှည် ထောင်ဒဏ် ကျခံရဖို့ရှိနေပြီး အခြား ကျောင်းသား ခြောက်ဦးကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅နှစ်စီချမှတ်ခံခဲ့ရတယ်လို့ RFA က ဖော်ပြတာပါ။
“ ဒီအဖြစ်အပျက်တွေအားလုံးက မန်မိုရီစတစ်တစ်ခုကို လျို့ဝှက်ပြီး ဝယ်ယူခဲ့တဲ့ ကျောင်းသား တစ်ယောက် ဆီကနေ စခဲ့တာပါ။ သူက အဲဒီ ဇာတ်လမ်းတွဲကို ကြည့်ခဲ့ပြီး အတန်းထဲက သူ့ရဲ့သူငယ်ချင်းတွေဆီ မျှဝေပေးခဲ့တယ်” လို့ RFA ကို သတင်းရင်းမြစ်တစ်ယောက်က ပြောပြပါတယ်။
“အတွေးအခေါ်နဲ့ ယဉ်ကျေးမှုကို ဖောက်ပြန်စေတယ်” ဆိုတဲ့ အ ကြောင်းပြချက်နဲ့ မြောက်ကိုရီးယားဟာ နိုင်ငံတွင်းမှာ တောင်ကိုရီးယားနဲ့ အမေရိကန် ရုပ်ရှင်တွေ ကြည့်ရှုခြင်းအပေါ် ကန့်သတ်ထားပြီး သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေတွေလည်း ထုတ်ပြန်ထားပါတယ်။ Ref ; RFA
Be the first to comment