မြောက်ကိုရီးယားမှာ သွားနေချင်စိတ်ပေါက်သွားစေမဲ့ လူသိနည်းတဲ့ ကောင်းတဲ့အချက် ၉ ချက်

မြောက်ကိုရီးယားမှာ သွားနေချင်စိတ်ပေါက်သွားစေမဲ့ လူသိနည်းတဲ့ ကောင်းတဲ့အချက် ၉ ချက်

၁ ။ အခမဲ့ပညာရေးနဲ့ စာတတ်မြောက်နှုန်းမြင့်မားခြင်း

ဒီအကြောင်းကို ဘယ်သူမှပြောဖူးမယ်တော့ မထင်ပါဘူး။ မြောက်ကိုရီးယားမှာ မူလတန်း၊ အလယ်တန်းနဲ့ အဆင့်မြင့်ပညာရေးကို အခမဲ့သင်ကြားပေးနေတာပါ။ သူတိုနိုင်ငံသားတွေအတွက်တော့ ကြီးမားတဲ့ ပဏာမခြေလှမ်းဖြစ်ပြီး နိုင်ငံသားအားလုံးဟာ ပညာတတ်မြောက် သူတွေဖြစ်ပါတယ်။ စာတတ်မြောက်မှုနှုန်းက ၉၉.၉၉% အထိရှိပြီး အခြားတိုင်းပြည်တွေနဲ့ နှိင်းယှဉ်မယ်ဆို ဒါက အောင်မြင်တစ်ခုဖြစ်ပါလိမ့်မယ်။

၂။ လေထုညစ်ညမ်းမှု နည်းပါးခြင်း

ကမ္ဘာကြီးမှာ ဒီပြသနာကို ကြီးကြီးမားမားကိုင်တွယ်ဖြေရှင်းနေရပြီး ပြုံယမ်းရဲ့ လေထုအခြေအနေကတော့ သန့်ရှင်းနေကာ ထိန်းသိမ်းထားနိုင်စွမ်းရှိနေပါတယ်။ နိုင်ငံအများအပြားမှာ သန့်ရှင်းလတ်ဆတ် တဲ့လေထုနဲ့ ရေကို ရရှိဖို အခက်တွေ့နေပေမယ့် မြောက်ကိုရီးယားမှာတော့ အလုံအလောက် ရရှိနေပါတယ်။ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အနည်းဆုံး နိုင်ငံဖြစ်ပြီး ဒီအကြောင်းကို ခင်ဗျားမသိဘူးဆိုတာ လောင်းဝံ့ပါတယ်။

၃။ ရဲအရာရှိတွေသာ ကိုယ်ပိုင်ကားတစ်စီး ပိုင်ဆိုင်ခွင့်ရှိ

ဒီအပိုင်းကို အစိုးရက သတိကြီးကြီးထား ကိုင်တွယ်နေပုံရပါတယ်။ စည်းစိမ်ခံစားမှုအပေါ် ယစ်မူးတာ၊ လာဘ်ပေးလာဘ် ယူမှုကို ထိန်းချုပ်ကန့်သတ်တာလို ယူဆနိုင်ပါတယ်။ တဖက်မှာလည်း လူ့အခွင့် အရေး ချိုးဖောက်တာ၊ အာဏာနဲ့ထိန်းချုပ်တယ်လို မြင်နိုင်ပါတယ်။

၎။ လျှပ်စစ်သုံးစွဲမှုအလွန်နည်းပါးခြင်း

လျှပ်စစ်အလုံ အလောက် ရရှိဖိုအတွက် နိုင်ငံအများအပြားက အလုအယက်ဖြစ်နေချိန်မှာ မြောက်ကိုရီးယားကတော့ သုံးစွဲမှု အလွန်နည်းပါးနေပါတယ်။ လျှပ်စစ်ကို အကန့်အသတ်နဲ့ အသုံးပြုနိုင်ဖိုအတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းကို သိရှိထားပုံရပါတယ်။ လျှပ်စစ်မီးတွေကို ထိထိရောက်ရောက်အသုံးပြုဖိုကိုပဲ ရည်ရွယ်တာကြောင့် လေထုညစ်ညမ်းမှုကိုပါ ထိန်းချုပ်ပြီး သားဖြစ်နေပါတယ်။ တခြားနိုင်ငံတွေအနေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို အပြစ်တင်ဝေ ဖန်နေမယ့်အစား မြောက်ကိုရီးယားဆီက နည်းပညာကို အတုယူသင့်တယ်လို မူရင်းတင်ဆက်မှုမှာ ဖော်ပြထားပါတယ်။

၅။ သဘာဝအရင်းအမြစ်များပေါကြွယ်ဝမှု

မြောက်ကိုရီးယားက သဘာဝရင်းမြစ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံပါ။ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကော့ပါး နဲ့ ရွှေတွေကို တင်သွင်းစရာ မလိုအပ်ပါဘူး။ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အကြီးမားဆုံး သတ္ထုမြေနေရာတွေကို ပိုင်ဆိုင် ထားတာပါ။

၆။ ယဉ်ကျေးမှုထိန်းသိမ်းခြင်း

သူတိုရဲ့ ဓလေ့ရိုးရာ၊ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွေကို ကောင်းကောင်းထိန်းသိမ်းထားကြပါတယ် ။ အနောက်တိုင်း ယဉ်ကျေးမှုတွေ လွှမ်းမိုးနေတဲ့ နိုင်ငံတွေ အတွက်တော့ မြောက်ကိုရီးယားရဲ့ ယဉ်ကျေးမှုထိန်းသိမ်းပုံကို လေ့လာသင်ယူသင့်တယ်လို ဆိုပါတယ်။ သူတိုနိုင်ငံသားတွေကတော့ ဒီအပေါ်မှာ အရမ်းဂုဏ်ယူကြပြီး ကိုယ့်ယဉ်ကျေးမှု အပေါ်ထားရှိတဲ့ ဒိလို သဘောထားတွေက အရမ်းအရေးကြီးပါတယ်။ တွေ့ဆုံပွဲတွေမှာ သူတိုရဲ့ ရိုးရာသီချင်းတွေနဲ့ ကခုန်ကြပြီး ရိုးရာဝတ်စုံတွေကိုလည်း ဝတ်ဆင်ကြပါတယ်။

၇။ အခမဲ့အိမ်ယာ နဲ့ ကျန်းမာရေးစောင့်ရှောက်မှု

ပြုံယမ်းအစိုးရက အခမဲ့အိမ်ယာတွေ ထောက်ပံ့ပေးထားပြီး အောက်ခြေလူတန်းစားအားလုံးအတွက် အထပ်မြင့်အဆောက်အဦတွေဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတော်တော်များများမှာ ဒီလိုထောက်ပံ့မှုတွေ နည်းပါးနေတယ်လို မူရင်းရေးသားသူက ပြောဆိုထားပြီး ကျန်းမာရေးထောက်ပံ့မှုအားလုံးမှာလည်း အခမဲ့ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကိုလည်း စီမံပေးထားနိုင်တယ်လို ဆိုပါတယ်။

၈။ စိတ်ရင်းကောင်းသူများ

နိုင်ငံအများအပြားမှာ အမျိုးသား၊ အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် ဦးတည်လုပ်ဆောင်နေချိန်မှာ မြောက်ကိုရီးယားကတော့ ဒါကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လုပ်နေခဲ့ပြီးပါပြီ။ နိုင်ငံတွင်းမှာ ရာဇဝတ်မှုနည်းပါးပြီး နိုင်ငံသားတွေက ကြင်နာတတ်သူတွေလို လည်းဆိုပါတယ်။

၉။ လှပသောရှုခင်းများ

သူတိုမှာ သဘာဝကပေးထားတဲ့ ကောင်းချီးတွေ ရှိပါတယ်။ အဲဒါတွေကို သိသူ နည်းပါးပါတယ်။ လှပတဲ့မြင်ကွင်းတွေ ရှိခဲ့ပြီး နိုင်ငံခြားသားတွေကို လည်ပတ်ခွင့် မပေးဘူးလို ထင်မှတ်သူတွေက အများကြီးပါ။ သွားရောက်လည်ပတ်ဖို အခွင့် အလမ်းရှိရင်တော့ သဘာဝ အလှတွေကို ခံစားသင့်ပါတယ်။crd

Add a Comment

Your email address will not be published. Required fields are marked *