ပြည်သူတွေ မြန်ကောင်းသက်သာ ဗိုက်ဝစေဖို့ ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင် နောက်တစ်ဆိုင် ဖွင့်ပါပြီ

ပြည်သူတွေ မြန်ကောင်းသက်သာ ဗိုက်ဝစေဖို့ ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင် နောက်တစ်ဆိုင် ဖွင့်ပါပြီ

ထမင်းတပွဲကို ထောင်သောင်းချီယူနေတဲ့ ဝိသမလောဘသားတွေ မျက်လုံးပြူးကုန်ပြီ။ ၅၀၀ တန် ဇလုံထမင်း နောက်တဆိုင် လာပါပြီ…

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ၊ ၁၉ရပ်ကွက် သံဒင်း ကမ္ဘာလုံးမှတ်တိုင်ဆင်း ကံ့ ကော်လမ်းမကြီးပေါ်တွင်ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၁၀ နာရီမှာ ဇလုံထမင်း ဟင်းတစ်မျိုး ငပိ တို့စရာ အရွက်ကြော် ဟင်းရည် ပါဝင်သော ၅၀၀ ကျပ်တန် ထမင်းနဲ့ဟင်း စတင်ရောင်းချမှာ ဖြစ်ပါတယ်။

လက်လုပ် လက်စားများ ပြည်သူများ ဝမ်းရေး တထောင့် တနေရာ သက်သာစေရန် ရည်ရွယ်ကာ ရောင်းချ လှူဒါန်းခြင်း ဖြစ်ကြောင်း သိရပါတယ်။

အခုဆိုရင် ၅၀၀ ကျပ်တန်၊ ၆၀၀ ကျပ်တန် မြန်ကောင်းသက်သာ ဗိုက်ဝ ထမင်းဆိုင်လေးတွေ မြို့နယ်တွေမှာ အတော်များများ ဖွင့်လာကြတာကို တွေ့ရပါတယ်။

ပြည်သူ တွေကို ပြည်သူ တွေကပဲ ကူညီ စောင့်ရှောက် ကြတဲ့ မြင်ကွင်း ကတော့ အားရ စရာ ပါပဲဗျာ။ အခြေခံ လူတန်း စားတွေ သက်သာ ရာရစေဖို့ နောက် ထပ် ဇလုံ ထမင်းဆိုင်တွေ ဆက် တိုက် ဖွင့်နိုင်ဖို့လည်း မျှော်လင့် ရပါတယ်။ အလှူရှင် ဆိုင်ရှင် များ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ ဗျာ ။

Be the first to comment

Leave a comment

Your email address will not be published.


*