ပြန်လည်မြင့်တက်နေတဲ့ ကိုဗစ်ကူးစက်နေမှုကို ထိန်းချုပ်နိုင်ဖို့အတွက် တရုတ်က လေကြောင်းခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်း

ပြန်လည်မြင့်တက်နေတဲ့ ကိုဗစ်ကူးစက်နေမှုကို ထိန်းချုပ်နိုင်ဖို့အတွက် တရုတ်က လေကြောင်းခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်

ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပဖို့ ပြင်ဆင်မှုတွေလုပ်နေရတဲ့ မြို့တော်ပေကျင်းမှာ ဗိုင်းရပ်စ် အစုလိုက်ကူးစက်မှုဖြစ်စဉ်ကို ထိန်းချုပ်နိုင်ရေးအတွက် တရုတ်နိုင်ငံတဝန်း ခရီးသွားလာမှုဆိုင်ရာ စည်းကမ်းတွေ တင်းကြပ်ခဲ့မှုနဲ့အတူ သောကြာနေ့(အောက်တိုဘာ ၂၉) မှာ မြို့တော်ရှိ လေဆိပ်တွေက လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းလိုက်ပါတယ်။

ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ်ဟာ နယ်စပ်တွေကို ပိတ်ဆို့ခြင်း၊ တင်းကြပ်တဲ့ လော့ဒေါင်းချမှတ်မှုတွေလုပ်ခြင်း၊ ရက်ရှည် ကွာရန်တင်းသတ်မှတ်ခြင်းတွေလုပ်ဆောင်ခြင်းဖြင့် ပြီးခဲ့တဲ့ နွေဦးရာသီမှာ စတင်ခဲ့တဲ့ ကပ်ရောဂါ ကူးစက်မှုအရေအတွက်ကို လျှော့ချပစ်နိုင်ခဲ့ပါတယ်။

သို့သော်လည်း ယခုအခါ တရုတ်ဟာ ခရီးသွားများနဲ့ ဆက်စပ်တဲ့ ရောဂါကူးစက်မှုတွေ ဒေသ တစ်ဒါဇင်ခန့်လောက်မှာဖြစ်ပွားနေပြီး အာဏာပိုင်တွေဟာ လူဦးရေ သန်းနဲ့ချီကို နေအိမ်မှာပဲ နေကြဖို့ ညွှန်ကြားချက်တွေထုတ်ခဲ့ရသလို ပြည်နယ်ချင်း ခရီးသွားလာမှုတွေ ကန့်သတ်ခြင်း၊ ဆေးစစ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်စေခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။

နေ့အလိုက် ပိုးတွေ့လူနာကတော့ အခြားနိုင်ငံအများစုထက် နိမ့်ကျနေမြဲဖြစ်ပြီး သောကြာနေ့မှာ ပြည်တွင်း ပိုးကူးစက်ဦးရေ ၄၈ ဦးရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ပိုးတွေ့လူနာစုစုပေါင်း ၂၅၀ အောက်သာ ရှိနေခဲ့ပါတယ်။

သို့ပေမယ့် အာဏာပိုင်တွေဟာ ကပ်ရောဂါအတွက် အခွင့်အရေးလုံးဝမပေးခဲ့ကြဘဲ ဖေဖော်ဝါရီလထဲမှာ ဆောင်းရာသီ အိုလံပစ်လက်ခံကျင်းပသွားရမယ့် လူဦးရေ သန်းပေါင်းများစွာရှိရာ ပေကျင်းမြို့တော်မှာ ပိုးတွေ့လူနာ လက်တစ်ဆုပ်စာ အရေအတွက် တွေ့ခဲ့ရအပြီးမှာတော့ မြို့တော်ကို လော့ဒေါင်းချမှတ်ခဲ့ကြပါတယ်။

အသစ်ပြင်ဆင်လိုက်တဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးအစီအမံတွေအတွက် သောကြာနေ့မှာ မြို့တော်ရှိ ဆေးဘက်ဆိုင်ရာ စင်တာတွေအပြင်က လမ်းတွေပေါ်မှာ လူတွေ တန်းစီကာ ဆေးစစ်မှုခံယူဖို့ စောင့်ဆိုင်းနေခဲ့ကြတာကို တွေ့ရပါတယ်။ CNA

Be the first to comment

Leave a comment

Your email address will not be published.


*