မြင်သူတိုင်း ရှော့ခ်ရသွားစေမယ့် ရူပီ ၇၅သန်းတန် စူပါဟီးရိုး လင်းနို့လူသား စီးတဲ့ကား
ကာဇက်စတန်က မြို့တစ်မြို့မှာ ဒဏ္ဏာရီ သဖွယ် လူသိများ ကျော်ကြားလှတဲ့စူ ပါဟီးရိုး လင်းနို့လူသား စီးတဲ့ကား Batmobile နဲ့ ပုံစံတူ ပြုလုပ်ထားတဲ့ကားကို ရောင်းချဖို့ရှိနေပြီး အဆိုပါကားမှာတော့ V8 အင်ဂျင် နဲ့ Auto mated Transmission ကို တွဲဖက် ပေးထားတာ ဖြစ်ပါတယ်။
အဆိုပါ Batmobile ကား အတွက် သတ်မှတ် ထားတဲ့ တန်ကြေးက မာစီးဒီး Maybach GLS မော်ဒယ် ၄ စီး ဒါမှမဟုတ် မာစီးဒီးAMG G63 မော်ဒယ် ၃စီး စာနဲ့ ညီမျှနေတာကတော့ အံ့အားသင့်စရာပါပဲ။
ပိုင်ရှင်ဖြစ်သူရဲ့ အဆိုအရတော့ကားမှာ ၄၄ လက်မရှိတဲ့ တာယာတွေနဲ့ ၂.၉ မီတာကျယ်တဲ့ ဘီးတပ်ဆင်ထားတာကြောင့် အများပြည်သူ သွားတဲ့ လမ်းတွေမှာ မောင်းနှင်ရန် မဖြစ်နိုင်သလို ကားတစ်စီးလုံးကို လက်နဲ့ဖန်တီးထားတယ်လို့ သိရပါတယ်။
အဆိုပါကားကို Christopher Jonathan ရဲ့ နာမည်ကြီး လင်းနို့လူသား ဇာတ်ညွှန်းကို အခြေခံ ဖန်တီးထားတာဖြစ်ပြီး ပိုင်ရှင်က ရူပီ ၇၅ သန်းဖြင့် ရောင်းချရန် ဆန္ဒရှိနေတာပါ။
ဒါ့အပြင် အဆိုပါ Batmobile ပုံစံတူကားကို Rolls – Royce ကားတစ်စီးနဲ့ လဲလှယ် သွားမယ်လို့ ဆိုထား ခဲ့ပေမယ့် ဘယ်လိုမော်ဒယ်နဲ့ လဲလှယ် သွားမယ်ဆိုတာတော့ အသေးစိတ် ဖော်ပြထားခြင်းမရှိသေးပါဘူး။Ref: AllAutoExperts
Be the first to comment