Unicode … မြင်တွေ့နေကျ ပုံစံမျိုးမဟုပ်တဲ့ အတွင်းသား အနီရောင်နှင့် ဒူးရင်းသီး
ဒူးရင်းကို ပုံမှန်အားဖြင့် အဝါရောင် အသားနဲ့သာ တွေ့ကြရ ပေမယ့် မလေးရှားနိုင်ငံ အရှေ့ပိုင်း ဆာဘာ့ပြည် နယ်မှာ အနီရောင် အသား နှင့် ဒူးရင်းသီးမျိုးစိတ် တကယ်ပဲ ရှိပါတယ်။
တောရိုင်းဒူးရင်းသီးလို့ လူသိများကြတဲ့ အနီရောင် အသား နှင့် ဒူးရင်းသီးဟာ ဆာဘာ့ပြည်နယ် တောထဲမှာ အလေ့ကျ ပေါက်နေတဲ့ ဒူးရင်းမျို းစိတ်ဖြစ် ပါတယ်။
အမွှာကြီးကြီး ၊ ခရင်မ် အရသာ အပြည့်ပါတဲ့ ပုံမှန် စိုက်ပျိုး ထုတ်လုပ်နေတဲ့ ဒူးရင်းသီးတွေ ထက် စာရင် အနီရောင် အသားပါတဲ့ ဒူးရင်းသီးဟာ အမွှာ လည်းသေး၊ ခြောက်သွေ့တဲ့ ပုံစံမျိုး ရှိတယ်လို့ သိရပါတယ်။
လူသိနည်းတဲ့ အခုလို ဒူးရင်းသီးမျိုးကို စိုက်ပျိုးရောင်းချ တဲ့သူ အလွန်နည်းပါတယ်။ အနီရောင် အသားနှင့် ဒူးရင်းသီးများရဲ့ အနံ့က ပိုပြင်းပြီး ပျစ်နှစ် မှုရှိပါတယ်။ crd
Be the first to comment