မြန်မာနိုင်ငံက ဈေးပေါပေါနဲ့ဝယ်သွားတဲ့ လှည်းပန်းတောင်းတွေ တရုတ်ပြည် ရောက်သွားတဲ့အခါ
မြန်မာနိုင်ငံက ဈေးပေါပေါနဲ့ ဝယ်သွားတဲ့ လှည်းပန်းတောင်းတွေ တရုတ်ပြည် ရောက်သွားတဲ့ အခါ …
အတုယူကြစေချင်ပါသည် ။ ကိုယ်တွေဆီမှာတော့ အမှိုက်ဆိုပြီး ရတဲ့ဈေးနဲ့ရောင်းပေး လိုက်ကြတယ်။
(ဝယ်သူရှိလို့ ပျော်တောင်နေကြ အုံးမယ်) တီထွင်ဖန်တီးတက်သူတွေ လက်ထဲရောက်သွားတော့ အမှိုက်ကနေ ရွှေဖြစ်သွားတယ်။
မြန်မာပြည်က လှည်းပန်းတောင်းတွေ ဘာလုပ်ဖို့ ဝယ်နေကြ တာလဲလို့ ရှာဖွေလိုက်တာ တွေ့သွားပါပြီ … မြန်မာပြည်တွင်းမှာ ဝယ်နေကြတာ
အလွန်ဆုံးပေးရင် တစ်လုံးကို ၅၀၀၀ ပဲ … ပန်းပုထုထားတဲ့ ပုံထဲ မှာပါတဲ့ တရုတ်ငွေဈေး အရ မြန်မာငွေ ၆ သိန်းမှ ၁၄ သိန်းကျော် ရှိပါတယ်…
လှည်းပတောင်းဆိုတာ နွားလှည်းရဲ့ ဘီးအလည် ဗဟိုမှာ ရှိတဲ့ လှည်းဝင်ရိုး တပ်ရတဲ့ နေရာမှာ ရှိတာပါ..
လှည်းဘီးက ဒေါက်တွေကို လှည်းပတောင်းပတ်လည်မှာ စိုက်ပြီး အပြင်ပတ်လည်က သစ်သားဂွေနဲ့ ပတ်ပတ်လည် ဆက်လိုက်မှ လှည်းဘီးတစ်ခုဖြစ်လာတာပါ
မြန်မာ တောင်သူတွေရဲ့ လက်ရှိ အခြေအနေ ကတော့ အများစုမှာ နွားတွေမရှိတော့ ပါဘူး…
လယ်ထွန် ကောက်စိုက် ၊ လယ်ရိတ် စတဲ့ လုပ်ငန်းတွေမှာ စက်တွေကို ငှားပြီး လုပ်နေကြတာ ဖြစ်ပါတယ်… နွားမရှိတော့
ရှိတဲ့ လှည်းတွေကလည်း အသုံးမဝင်ျတာ့ပါဘူး…ပျက်ရင်လည်း မပြင်ကြတော့ပါ ဘူး..လှည်းတွေ ပျက်သွားတဲ့အခါ
ရောင်းလို့ရတာ တွေ ဖြုတ်ရောင်း ကြပါတယ် ။ လှည်းပတောင်းတွေကို ပြုလုပ်တဲ့အခါ ခိုင်ခန့်စေဖို့ ပိတောက်သားနဲ့ ပြုလုပ်ရတာ ဖြစ်ပါတယ်..
ပိတောက်သားတွေ ဈေးကြီးတဲ့အခါ စီးပွားရေး အကွက်မြင်သူတွေက ပိတောက်သားနဲ့လုပ်ထားတဲ့
ယခုလို ပစ္စ္စည်းဟောင်းတွေကို ဈေးပေါပေါနဲ့ ဝယ်ယူပြီး တန်ဖိုးမြငိ့ထုတ်ကုန်တွေ ပြုလုပ်ရောင်းချကြတာဖြစ်ပါတယ်….။ ခရက်ဒစ်
Be the first to comment