Unicode … မြန်မာမပါတဲ့ အာဆီယံအစည်းအဝေးဟာ အာဆီယံအပြစ်မဟုတ်ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်းပြောဆို
မြန်မာမပါတဲ့ အာဆီယံဟာ အာဆီယံ အပြစ်မဟုတ်ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်းက ယနေ့ပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာဖက်က စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ဒီအစည်းအဝေးမတက်စေဘဲ နိုင်ငံရေးရာထူးမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်ဖို့လမ်းဖွင့်ပေးခဲ့ပေမယ့်
မြန်မာဖက်ကဒီကိုယ်စားလှယ်ကို မစေလွှတ်တာဟာ မြန်မာကသူ့အခွင့်အရေးကို သူစွန့်လွှတ်လိုက်တာသာဖြစ်ပြီး အာဆီယံအနေနဲ့ မြန်မာကို ဖယ်ထုတ်ထားတာ မဟုတ်တဲ့အကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်းကပြောဆိုခဲ့ပါတယ်။
နောင်နှစ်မှာ အာဆီယံရဲ့ ဥက္ကဌရာထူးကို လွှဲပြောင်းယူမယ့် ကမ္ဘောဒီးယားအနေနဲ့ မြန်မာအခြေအနေဟာ ဒီအတိုင်းဆက်ဖြစ်နေမယ်ဆိုရင် အာဆီယံနဲ့ ဥရောပ အစည်းအဝေးတွေမှာလည်း မြန်မာဖက်က ကိုယ်စားပြုနိုင်တဲ့အခြေအနေမရှိ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဒါဟာ အာဆီယံကလုပ်တာမဟုတ်ဘဲ မြန်မာဖက်ကသာ တာဝန်ရှိမယ့်အနေအထားဖြစ်ကြောင်းလည်း ၎င်းကပြောဆိုခဲ့ပါတယ်။ ခရက်ဒစ်
Be the first to comment
Leave a comment
Your email address will not be published.
*