မြန်မာငွေသိန်းပေါင်း ၆၅၀၀ကျော် တန်ဖိုးရှိတဲ့ ကမ္ဘာ့ပထမဆုံး မိုးပျံဆိုင်ကယ်

မြန်မာငွေသိန်းပေါင်း ၆၅၀၀ကျော် တန်ဖိုးရှိတဲ့ ကမ္ဘာ့ပထမဆုံး မိုးပျံဆိုင်ကယ်

Speederလို့ အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး မိုးပျံဆိုင်ကယ်ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အခြေစိုက် Jetpack Aviation က အောင်မြင်စွာ စမ်းသပ်ပျံသန်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးပျံဆိုင်ကယ်နဲ့ ပတ်သက်တဲ့ အချို့သော နည်းပညာ တွေကို ဆက်လက်လုပ် ဆောင် နေဆဲဖြစ်ပေမယ့် အဲဒီဆိုင်ကယ်မှာ ဒေါင်လိုက် အတက် အဆင်းပြုလုပ်နိုင်ပြီး တွန်းကန်အားကို အသုံးပြုတဲ့ ဂျက် အင်ဂျင်တွေ ပါဝင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

လက်ရှိမှာတော့ Speeder မော်ဒယ် နှစ်မျိုးကို ထုတ် လုပ်နေပြီး ပိုင်းလော့ လိုင်စင် မလိုအပ်တဲ့ Ultralight version က တစ်နာရီကို မိုင် ၆၀ ကန့်သတ် ထားပြီး ၁၅ မိနစ်ကြာ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

ပိုင်းလော့ လိုင်စင်လိုအပ်တဲ့ အဆင့်မြင့် ဗားရှင်းကတော့ တစ်နာရီမိုင် ၁၅၀ နှုန်းနဲ့ အမြင့်ပေ ၁၅၀၀၀ ကျော်မှာ တစ်နာရီ နီးပါး ပျံသန်း နိုင်မှာ ဖြစ်ပါတယ်။ အဲဒီမိုးပျံ ဆိုင်ကယ်တွေကို ဒေါ်လာ ၃၈၅၀၀၀ ကြမ်းခ င်းဈေး သတ်မှတ်ထားပြီး ၂၀၂၃ ခုနှစ်မှာ ဈေးကွက်ကို ရောင်းချနိုင် ဖွယ်ရှိပါတယ်။

အဲဒီ အမျိုးအစားတွေ အပြင် စစ်ဘက်နဲ့ ကယ် ဆယ်ရေး လုပ်ငန်းတွေ အတွက် ရည်ရွယ်တဲ့ ပိုမိုကြီးမားတဲ့ ၊ မြန်ဆန်တဲ့ မော်ဒယ်တွေ ကိုလည်း ထုတ်လုပ်နေ တယ်လို့ Jetpack Aviation ကုမ္ပဏီက ဆိုပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*