ယူရို ၂၀၀၀၀ ျမန္မာေငြ ၃၇၈ သိန္းေက်ာ္ျဖင့္ ေလလံတင္ေရာင္းခ်ခဲ့တဲ့ ကမၻာ့ပထမဆံုး ဝက္ပန္းခ်ီဆရာ Pigcasso ရဲ႕ပန္းခ်ီကား

ယူရို ၂၀၀၀၀ ျမန္မာေငြ ၃၇၈ သိန္းေက်ာ္ျဖင့္ ေလလံတင္ေရာင္းခ်ခဲ့တဲ့ ကမၻာ့ပထမဆံုး ဝက္ပန္းခ်ီဆရာ Pigcasso ရဲ႕ပန္းခ်ီကား

Joane Lefson ဟာ သားသတ္႐ံုမွ လသားအ႐ြယ္ဝက္ကေလးကို ကယ္တင္ခဲ့ၿပီးေနာက္ သိပ္မၾကာခင္မွာပဲ ဒီတိရိစၦာန္ေလးဟာ ထူးျခားေၾကာင္းကို သိ႐ွိခဲ့တာျဖစ္ပါတယ္။

Joane ရဲ႕ေျပာၾကားခ်က္အရ ေတာင္အာဖရိကရဲ႕သန္႔႐ွင္းေရးဌာနတစ္ခုတြင္ ဝက္ကေလးဟာ သူ႔ကိုယ္ပိုင္ဆႏၵအရ ကင္းဗက္စ္ေတြေပၚမွာ ပန္းခ်ီေရးဆြဲခဲ့တာျဖစ္ပါတယ္။

ဒီဝက္ကေလးကို Pigcasso လုိ႔လူသိမ်ားၿပီး သူ႔ရဲ႕အႏုပညာလက္ရာေတြထဲကတစ္ခုဟာ စံခ်ိန္ခ်ိဳးသြားခဲ့ပါတယ္။ အႏုပညာ႐ွင္ဝက္ကေလးရဲ႕ ပန္းခ်ီကားတစ္ခ်ပ္ကို ယူ႐ို 20000 ျဖင့္ ေရာင္းခ်ခဲ့တာပဲ ျဖစ္ပါတယ္။

‘Wild and Free’ ပန္းခ်ီကားကို ေရာင္းခ်ၿပီး 72 နာရီအၾကာမွာ ဂ်ာမန္လူမ်ိဳးတစ္ဦးက ဝယ္ယူခဲ့တာျဖစ္ၿပီး တိရိစၦာန္ဖန္တီးသည့္ အႏုပညာလက္ရာတစ္ခုရဲ႕ တန္ဖိုးအႀကီးဆံုးေရာင္းခ်မႈစံခ်ိန္ကို ေက်ာ္လြန္ခဲ့တာလည္း ျဖစ္ပါတယ္။

ယခင္ကမွတ္တမ္းကေတာ့ 2005 ခုႏွစ္တြင္ chimpanzeeCongo မွ ေရးဆြဲခဲ့တဲ့ ပန္းခ်ီကားတစ္ခ်ပ္ကို ယူ႐ို 14000 ျဖင့္ေရာင္းခ်ၿပီး မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။ ဝက္ကေလး Pigcasso ဟာ ႏွစ္တစ္ေလွ်ာက္လံုး ပန္္းခ်ီကားေတြေရးဆြဲခဲ့ၿပီး တစ္ခ်ိဳ႕ကိုေလလံတင္ေရာင္းခ်ခဲ့တာပါ။

Pigcassoဟာ တင္းကုပ္အတြင္းမွာ႐ွိတဲ့ ေဆးစုတ္တံေဟာင္းမွလြဲၿပီး က်န္တဲ့အရာ အားလံုးကို စားပစ္တာဒါမွမဟုတ္ ဖ်က္ဆီးတတ္တာကို Joane သတိျပဳမိတဲ့အခါမွာ သူဟာဝက္ကေလးရဲ႕ ဒီထူးျခားတဲ့ စြမ္းရည္ကို ျပဳစုပ်ိဳးေထာင္ေပးဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

အခ်ိန္ၾကာ လာတာနဲ႔အမွ် ပန္းခ်ီေရးဆြဲမႈဟာ လူနဲ႔ဝက္တုိ႔ၾကားတြင္ ထူးကဲတဲ့ပူးေပါင္းေဆာင္႐ြက္မႈအျဖစ္ ေျပာင္းလဲလာခဲ့တာ ျဖစ္ပါတယ္။ source ; SHWEMOM

Unicode … မြန်မာငွေ သိန်း ၃၇၈ သိန်းကျော်ဖြင့် လေလံတင်ရောင်း ချခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဝက်ပန်းချီဆရာ Pigcasso ရဲ့ပန်းချီကား

Joane Lefson ဟာ သားသတ်ရုံမှ လသားအရွယ်ဝက်ကလေးကို ကယ်တင်ခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ ဒီတိရိစ္ဆာန်လေးဟာ ထူးခြားကြောင်းကို သိရှိခဲ့တာဖြစ်ပါတယ်။

Joane ရဲ့ပြောကြားချက်အရ တောင်အာဖရိကရဲ့သန့်ရှင်းရေးဌာနတစ်ခုတွင် ဝက်ကလေးဟာ သူ့ကိုယ်ပိုင်ဆန္ဒအရ ကင်းဗက်စ်တွေပေါ်မှာ ပန်းချီရေးဆွဲခဲ့တာဖြစ်ပါတယ်။

ဒီဝက်ကလေးကို Pigcasso လို့လူသိများပြီး သူ့ရဲ့အနုပညာလက်ရာတွေထဲကတစ်ခုဟာ စံချိန်ချိုးသွားခဲ့ပါတယ်။ အနုပညာရှင်ဝက်ကလေးရဲ့ ပန်းချီကားတစ်ချပ်ကို ယူရို 20000 ဖြင့် ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။

‘Wild and Free’ ပန်းချီကားကို ရောင်းချပြီး 72 နာရီအကြာမှာ ဂျာမန်လူမျိုးတစ်ဦးက ဝယ်ယူခဲ့တာဖြစ်ပြီး တိရိစ္ဆာန်ဖန်တီးသည့် အနုပညာလက်ရာတစ်ခုရဲ့ တန်ဖိုးအကြီးဆုံးရောင်းချမှုစံချိန်ကို ကျော်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခင်ကမှတ်တမ်းကတော့ 2005 ခုနှစ်တွင် chimpanzeeCongo မှ ရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို ယူရို 14000 ဖြင့်ရောင်းချပြီး မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ဝက်ကလေး Pigcasso ဟာ နှစ်တစ်လျှောက်လုံး ပန်းချီကားတွေရေးဆွဲခဲ့ပြီး တစ်ချို့ကိုလေလံတင်ရောင်းချခဲ့တာပါ။

Pigcassoဟာ တင်းကုပ်အတွင်းမှာရှိတဲ့ ဆေးစုတ်တံဟောင်းမှလွဲပြီး ကျန်တဲ့အရာ အားလုံးကို စားပစ်တာဒါမှမဟုတ် ဖျက်ဆီးတတ်တာကို Joane သတိပြုမိတဲ့အခါမှာ သူဟာဝက်ကလေးရဲ့ ဒီထူးခြားတဲ့ စွမ်းရည်ကို ပြုစုပျိုးထောင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အချိန်ကြာ လာတာနဲ့အမျှ ပန်းချီရေးဆွဲမှုဟာ လူနဲ့ဝက်တို့ကြားတွင် ထူးကဲတဲ့ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ source ; SHWEMOM

Be the first to comment

Leave a comment

Your email address will not be published.


*