Unicode … မြန်မာပြည်ကိုမပြန်ဖြစ်တာကြာလို့ မြန်မာအစားစာတွေနဲ့ မြန်မာပြည်ကို လွမ်းနေတဲ့သူတွေ သွားလည်သင့်တဲ့ ထိုင်းနိုင်ငံမှ မြန်မာဈေးလေး
မြန်မာပြည် ရောက်သွားသလို ခံစားရမယ့် Barmese Market In Bangkok
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ဈေးလေး ဖြစ်ပြီး အဲ့ပတ်ဝန်းကျင် တစ်ဝိုက်နေထိုင်တဲ့သူတွေကတော့မြန်မာ အများစုပါ။ တစ်ဈေးလုံးမှာ မြန်မာနိုင်ငံ ကလာတဲ့ ပစည်းတွေ အစုံရပါတယ်။
ကွမ်းယာဆိုင် ကအစရှိပြီး တိုင်းရင်းဆေး အမျိုးမျိုး ၊ကော်ဖီမစ်ထုတ်၊ မုန့်ထုတ် အကုန်ရ ပါတယ်။ မြန်မာပြည် ကိုမပြန် ဖြစ်တာကြာပီး မြန်မာ အစားစာတွေကို လွမ်းနေသူအတွက် သွားလည်သင့် တဲ့ ဈေးတစ်ခုလည်းဖြစ်ပါတယ်။ဈေးထဲရောက်သွားတာ နဲ့ မြန်မာနိုင်ငံ ကိုပြန်ရောက်သွားသလို ခံစားရမှာကတော့အသေအချာပါပဲ။
ရခိုင်မုန့်တီသုပ် ကြာဇံချက် ပဲပြားသုပ် ခေါက်ဆွဲ သုပ် အစရှိသည်တို့ကို မြန်မာ့လက်ရာ စစ်စစ်အတိုင်းသုံးဆောင်ရမှာပါ။ အကောင်းဆုံး အစားစာကတော့ ဝက်သားတုတ်ထိုးပါနော် … လေးချောင်းကိုမှ ၁၀ ဘတ် ထဲ ပေးရတော့ တအား တန် ပါတယ် ။ မြန်မာ မုန့်အမျိုးမျိုး အီကြာကွေး ဘိန်းမုန့်မုန့် လက်ကောက် ၊ ရွှေရင်အေး ဖာလူဒါ အစုံ ရတာမို့ တစ်ခါလောက်တော့ သွားရောက်လည်ပတ်သင့်တဲ့ဈေးလေးပါ။ Crd
Be the first to comment
Leave a comment
Your email address will not be published.
*