မြန်မာပြည်မှာအကြီးဆုံး ရှေးဟောင်းကျောက်စာကို ရွှေကပ်ပြီး ဖျက်စီးနေကြတဲ့ ရွှေမြန်မာများ
မြောက်ဦးမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့် အကွာ လေးမြို့မြစ်ကမ်းဘေး လောင်းကြက်တောင်မော်တွင် တည်ရှိသော လောင်းကြက်တောင်မော် ကျောက်စာတွင် ဒေသခံများ ရွှေကပ်ခြင်း ပြုလုပ်နေကြပါသည်။
ရှေးဟောင်း သုတေသနဌာနမှ မူလတန်ဖိုး မပျက်စီးမှီ အမြန်ဆုံးတားမြစ်သင့်ပါသည် ။ ဤကျောက်စာသည် အလျား ၃၀ ၊ အနံ ၂၅ ပေခန့် ရှိသည့် ကျောက်တောင်တွင် အပြည့်ရေးထိုးထားသည့် မြန်မာနိုင်ငံတွင် အကြီးဆုံးကျောက်စာဖြစ်သည်။
ရခိုင့် သမိုင်းမှတ်တမ်း နှင့် ရခိုင်သမိုင်းတွင် ပေါ်ပေါက်ခဲ့သော လောင်းကြက်တောင်ပေါ် ကျောက်စာကို လေးမြို့ခေတ်တွင် တရားစောင့်သော ရခိုင်ဘုရင်မင်းထီး သက္ကရာဇ် (၆၄၁ – ၇၄၆) ဟု ထင်ရှားကျော်ကြားသော ရခိုင်ဘုရင်တစ်ပါးမှ လောင်းကြက်တောင်ထိပ်တွင် ရှိနေသော သဘာဝကျောက်ဆောင်တွင် ထွင်းထုထားခဲ့သည်။ ရက္ခဝဏ္ဏအက္ခရာ ရခိုင်စာဖြင့် ရေးထိုးခဲ့သော အလှူမှတ်တမ်း ကျောက်စာဖြစ်ပါသည်။
ကျောက်စာ၏ ထူးခြားချက်မှာ နှစ်ကာလ ကြာညောင်း၍ သဘာဝ ကျောက်ဆောင်မှ ကျောက်လွှာများ ကွဲအက်ပြိုလဲ သွားသော်လည်း မူလ ကျန်ခဲ့သည့် ကျောက်ဆောင်တွင် လေးမြို့ခေတ်မှ ဘုရင်မင်းထီးရေးထိုးထားခဲ့သည့် အတိုင်း စာများ ပြန်လည်ပေါ်လာခြင်း ပင်ဖြစ်ပါသည်။
၎င်းစာများသည် ကျောက် လွှာများ ကွာကျသည့် အချိန်တွင် ရှိနေခြင်းမဟုတ်ဘဲ တဖြည်းဖြည်း ထင်ရှားစွာဖြင့် ပြန် လည်ပေါ်ပေါက် လာခြင်းဖြစ် သည် ။ ယခုအခါတွင် ထိုကျောက်စာကို အမိုးအကာများဖြင့် လောင်းကြက်တောင် ပေါ်တွင် ထိန်းသိမ်း ထားပါ သည် ။ ခရက်ဒစ်
Be the first to comment