၁၁ နှစ်သမီးအရွယ်မှာ လက်ဖဝါး၂ဖက်လုံး ဆူံးရှုံးခဲ့ရပေမဲ့ ဘဝကိုအရှုံးမပေးပဲ သူမရဲ့အိမ်မက်အတိုင်း ကမ္ဘာကျော်စားဖိုမှူးဖြစ်အောင် ကြိုးစားခဲ့တဲ့အမျိုးသမီး

၁၁ နှစ်သမီးအရွယ်မှာ လက်ဖဝါး၂ဖက်လုံး ဆူံးရှုံးခဲ့ရပေမဲ့ ဘဝကိုအရှုံးမပေးပဲ သူမရဲ့အိမ်မက်အတိုင်း ကမ္ဘာကျော်စားဖိုမှူးဖြစ်အောင် ကြိုးစားခဲ့တဲ့အမျိုးသမီး

၁၁ နှစ်သမီးအရွယ်မှာပဲ လက်နှစ်ဖက်လုံး ခုတ်ဖြတ်ခံခဲ့ရပြီး သေလု ဆဲဆဲဖြစ်ခဲ့ပေမဲ့ သေမင်းကို အံတု၊ ရင်သန်မှုကို ရှေးရှုပြီး ဘဝကို အရှုံးမပေးခဲ့သူကတော့ ဖိလစ်ပိုင်မလေး မာရီဆယ်အပါတန် ပါပဲ။ အပါတန်နဲ့ သူ့ဦးလေးတို့ ရေခပ်သွားချိန်မှာ ဓားရှည်တွေ ကိုင်ထားသူ ၄ ယောက်က သူတို့ကို တိုက်ခိုက်ခဲ့ကြတာပါ။

လူရမ်းကားတွေက သူတို့တူဝရီးကို မြေပြင်ပေါ်မှာ မှောက်ခိုင်းထားပြီး သူ့ဦးလေးလည်ပင်းကို ဓားနဲ့ ခုတ်ပိုင်းခဲ့လို့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ အပါတန်က ထွက်ပြေးပြီး အော်ဟစ် အကူအညီတောင် းခဲ့ပေမဲ့ လူရမ်းကားတွေက သူ့နောက်ကို ပြေးလိုက်ပြီး ဇက်ကို ဓားနဲ့ပိုင်းလိုက်လို့ သူ သတိလစ်သွားခဲ့ပါတယ်။

သူ သတိရလာချိန်မှာ လူရမ်းကားတွေ ရှိနေဆဲဖြစ်လို့ သေချင်ယောင်ဆောင်နေခဲ့ပါတယ် ။ အဲဒီအချိန်မှာ သူ့လက်ကောက်ဝတ် နှစ်ဖက်လုံးလည်း ခုတ်ဖြတ်ခံထားရပါပြီ ။ လူရမ်းကားတွေ ထွက်သွားမှ အိမ်ကို ပြေးပြန် လာခဲ့ပြီး လမ်းမှာ အကြိမ်ကြိမ် သတိလစ် လဲကျခဲ့ပါတယ် ။ ဒါပေမဲ့ သူက သတိပြန်ရလာတိုင်း အိမ်ရောက်အောင် ထပြေးလို့ နောက်ဆုံးမှာ သူ့အိမ်ကို ပြန်ရောက်ခဲ့တာပါ။

သူ့အိမ်ကနေ အဝေးပြေးလမ်းကိုရောက်ဖို့ ၁၂ ကီလိုမီတာဝေးပြီး ၄ နာရီကြာ သွားရပါတယ်။ ဆေးရုံကို ရောက်ချိန်မှာ ဆရာဝန်တွေက သူ့ကို သေပြီလို့ ထင်ထားခဲ့ကြတာပါ။ ၅ နာရီကြာ ခွဲစိတ်မှုလုပ်ခဲ့ရပြီး သူ့ဇက်နဲ့ ကျောက ဓားဒဏ်ရာတွေကို ၂၅ ချက် ချုပ်ခဲ့ရပါတယ်။ ဒဏ်ရာပြင်းထန်လွန်းပေမဲ့ အပါတန်က အသက်ရှင်သန်ခဲ့ပါတယ်။ သူတို့ အိမ်ပြန်ရောက်ချိန်မှာတော့ နောက်ထပ်အဖြစ်ဆိုးက စီးကြိုနေပါတယ်။ လူရမ်းကားတွေက သူတို့အိမ်ကို မီးရှို့ထားလို့ သူတို့အိမ်က ပြာပုံဖြစ်နေတာပါပဲ။

သူ့မိဘတွေက အရမ်းဆင်းရဲလွန်းလို့ ဆေးရုံစရိတ်တောင် မပေးနိုင်ရှာချိန်မှာ နေအိမ် မီးလောင်သွား ခဲ့တာပါ ။ ဒါပေမဲ့ သူတို့နဲ့ ဆွေမျိုး နီးစပ် တော်တဲ့ ဘုန်းတော်ကြီး အန်တိုနီယိုက ဆေးရုံစရိတ်ပေးခဲ့ပြီး သူတို့ မိသားစုကို လည်း ကူညီပေးခဲ့ပါတယ်။ လူရမ်းကားတွေကတော့ သူတို့ရဲ့ အိမ်နီးချင်းတွေဖြစ်ပြီး သူတို့ကို ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ် နိုင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ငယ်ရွယ်တဲ့ အပါတန်ရဲ့ စိတ်မှာ ခြောက်အိပ်မက်လို အမြဲခြောက်လှန့်နေနိုင်တဲ့ အရာဖြစ်ပေမဲ့ သူကတော့ ခိုင်မာရဲရင့်တဲ့စိတ်နဲ့ ဒီအတိတ်ဆိုးကို ချန်ထားနိုင်ခဲ့ပါတယ်။ ပညာကို ကြိုးစားသင်ယူခဲ့ပြီး ကွန်ပျူတာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင် ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ဟိုတယ်နှင့်စားသောက်ဆိုင် စီမံခန့်ခွဲမှု ဘာသာရပ်နဲ့ဘွဲ့ ရခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ စားဖိုမှူး တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူဟာ The Manila Marriot ဟိုတယ်နဲ့ Shangri-La ဟိုတယ်တွေလို ကမ္ဘာကျော် ဟိုတယ်ကြီးတွေမှာတောင် စားဖိုမှူးအဖြစ် အလုပ်လုပ်ခွင့် ရခဲ့သူပါ။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်ရှိနေသရွေ့ ဘယ်လိုအတားအဆီးတွေကမှ သင့်အိပ်မက်ကို အကောင်အထည်မဖော်နိုင်အောင် ဟန့်တားနိုင်စွမ်းမရှိဘူးဆိုတာ အပါတန်က သက်‌သေပြခဲ့တာပါ။ crd

Be the first to comment

Leave a comment

Your email address will not be published.


*