၁၂ ရက်အတွင်းဝင်ငွေ ၁ ဘီလီယံကျော်ရခဲ့တဲ့ “Spider-Man: No Way Home” ရုပ်ရှင်

၁၂ ရက်အတွင်းဝင်ငွေ ၁ ဘီလီယံကျော်ရခဲ့တဲ့ “Spider-Man: No Way Home” ရုပ်ရှင်

စပိုက်ဒါမင်း ရုပ်ရှင်ဇာတ်ကားသစ် “Spider-Man: No Way Home” ကတော့ ထုတ်ဝေပြီး ၁၂ ရက်အကြာမှာတင် ဝင်ငွေ ၁ ဘီလီယံကျော် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Columbia Pictures ၊ Pascal Pictures နဲ့ မာဗယ်တို့ ပူးပေါင်း ထုတ်လုပ်ခဲ့ကြတဲ့ ဒီရုပ်ရှင်ဟာ ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ ရှိခဲ့ပေမယ့် Box Office ဝင်ငွေမှာတော့ ဒေါ်လာ ၁ ဘီလီယံကျော်အထိ ရရှိထားခဲ့ပါပြီ။

တွမ်ဟော်လန်းနဲ့ ဇန်ဒယာ တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီရုပ်ရှင်ဟာ ကိုဗစ်ကာလအတွင်းမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် စာရင်းဝင်ခဲ့တာပါ။

ဒေါ်လာ ၁ ဘီလီယံအထိ ဝင်ငွေရခဲ့တဲ့ နောက်ဆုံး ရုပ်ရှင်ဇာတ်ကားက ၂၀၁၉ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ “Star Wars: The Rise of Skywalker” ရုပ်ရှင်ကားဖြစ် ပြီး အဲဒီနောက်ပိုင်း ထွက်သမျှ ရုပ်ရှင်ဇာတ်ကားတွေက ဝင်ငွေအများကြီးရဖို့ ရုန်းကန်ခဲ့ကြရတာပါ။

ဒီရုပ်ရှင်ဟာ စပိုက်ဒါမင်း ရုပ်ရှင်သမိုင်းတစ်လျှောက် အကောင်းဆုံးဖြစ်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးထားပြီး ရုပ်ရှင်အညွှန်း ဝက်ဆိုက်တွေမှာ သူတို့ရဲ့ Rating က အမှတ် ၁၀၀ မှာ ၉၉ မှတ်အထိ အမြင့်ဆုံး ရရှိထားခဲ့တာပါ။ crd

Be the first to comment

Leave a comment

Your email address will not be published.


*