၁၄ ပိဿာရှိတဲ့ ကပ်သမျှင်ငါးမှ မမျှော်လင့်ပဲ ကျပ်သိန်း ၁၄၀ ရရှိ

၁၄ ပိဿာရှိတဲ့ ကပ်သမျှင်ငါးမှ မမျှော်လင့်ပဲ ကျပ်သိန်း ၁၄၀ ရရှိ

ရန်ကုန်မြို့ရှိ ရွှေပိတောက် ငါးဈေးတွင် ကုန်သည်တစ်ဦးသည် ၁၄ ပိဿာဝန်းကျင်သာရှိသော ကပ်သမျှင်ငါးမှ မမျှော်လင့်ဘဲ ငွေကျပ်သိန်း ၁၄၀ ရရှိကြောင်း သိရသည်။

ပုံမှန်တွက်ချက်မှုအနေဖြင့် ပိဿာ(၂၀) ဝန်းကျင် ကပ်သမျှင်ငါးတစ်ကောင်မှ စီဗောင်းခန့်မှန်းခြေ (၂၀) သားခန့်သာ ထွက်ရှိလေ့ရှိရာ ယခုတစ်ခေါက်တွင် ၁၄ ပိဿာခန့်သာရှိသော ကပ်သမျှင်ငါးမှ မမျှော်လင့်ဘဲ စီဗောင်း (၅၅)ကျပ် သားရရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကပ်သမျှင်ငါးမှာ လပွတ္တာမြို့နယ်မှ ငါးကုန်သည် တစ်ဦးက ရန်ကုန်မြို့ငါးဈေးရှိပွဲရုံသို့ တင်ပို့လိုက်ခြင်းဖြစ် ပြီး စီဗောင်းဝယ်သူက သိန်း ၁၄၀ ကျပ်ဖြင့် ဈေးပေးပြီးဖြစ်ကြောင်း သိရသည်။

ကပ်သမျှင်ငါးသည် ဈေးကွက်အတွင်း စီဗောင်းပါငါးအရွယ်အစားအနေဖြင့် ရရှိမှုရှားပါးကာ ရေလုပ် ငန်းလုပ်ကိုင် သူများ၏အဆိုအရ ကပ်သမျှင်ကို မိုးရာသီတွင် ရရှိတတ်လေ့ရှိကြောင်း သိရသည်။

ကပ်သမျှင်ငါးအား ဆေးဝါးဖော်စပ်ရန်နှင့်တန်ဖိုးကြီးရေမွှေးကဲ့သို့ ကုန်များထုတ်လုပ်ရာတွင် အသုံးပြုသည်ဟု ပြောဆိုမှုများရှိပြီး တရုတ်နိုင်ငံတွင် ဆေးဝါးနှင့် လက်ဆောင်ပစ္စည်းအဖြစ် အသုံးပြုကြသည်ဟု ဆိုသည်။ အာရပ်နိုင်ငံ တွင်လည်း မီးနေသည်အတွက် စီဗောင်းအား မီးရှို့ကာအငွေ့ရှူကြကြောင်း ဖော်ပြမှုများလည်းရှိသည်။ crd

Zawgyi … ၁၄ ပိႆာရွိတဲ့ ကပ္သမၽွင္ငါးမွ မေမၽွာ္လင့္ပဲ က်ပ္သိန္း ၁၄၀ ရရွိ

ရန္ကုန္ၿမိဳ့ရွိ ေရႊပိေတာက္ ငါးေစ်းတြင္ ကုန္သည္တစ္ဦးသည္ ၁၄ ပိႆာဝန္းက်င္သာရွိေသာ ကပ္သမၽွင္ငါးမွ မေမၽွာ္လင့္ဘဲ ေငြက်ပ္သိန္း ၁၄၀ ရရွိေၾကာင္း သိရသည္။

ပုံမွန္တြက္ခ်က္မွုအေနျဖင့္ ပိႆာ(၂၀) ဝန္းက်င္ ကပ္သမၽွင္ငါးတစ္ေကာင္မွ စီေဗာင္းခန႔္မွန္းေျခ (၂၀) သားခန႔္သာ ထြက္ရွိေလ့ရွိရာ ယခုတစ္ေခါက္တြင္ ၁၄ ပိႆာခန႔္သာရွိေသာ ကပ္သမၽွင္ငါးမွ မေမၽွာ္လင့္ဘဲ စီေဗာင္း (၅၅)က်ပ္ သားရရွိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါကပ္သမၽွင္ငါးမွာ လပြတၱာၿမိဳ့နယ္မွ ငါးကုန္သည္ တစ္ဦးက ရန္ကုန္ၿမိဳ့ငါးေစ်းရွိပြဲ႐ုံသို့ တင္ပို့လိုက္ျခင္းျဖစ္ ၿပီး စီေဗာင္းဝယ္သူက သိန္း ၁၄၀ က်ပ္ျဖင့္ ေစ်းေပးၿပီးျဖစ္ေၾကာင္း သိရသည္။

ကပ္သမၽွင္ငါးသည္ ေစ်းကြက္အတြင္း စီေဗာင္းပါငါးအရြယ္အစားအေနျဖင့္ ရရွိမွုရွားပါးကာ ေရလုပ္ ငန္းလုပ္ကိုင္ သူမ်ား၏အဆိုအရ ကပ္သမၽွင္ကို မိုးရာသီတြင္ ရရွိတတ္ေလ့ရွိေၾကာင္း သိရသည္။

ကပ္သမၽွင္ငါးအား ေဆးဝါးေဖာ္စပ္ရန္ႏွင့္တန္ဖိုးႀကီးေရေမႊးကဲ့သို့ ကုန္မ်ားထုတ္လုပ္ရာတြင္ အသုံးျပဳသည္ဟု ေျပာဆိုမွုမ်ားရွိၿပီး တ႐ုတ္နိုင္ငံတြင္ ေဆးဝါးႏွင့္ လက္ေဆာင္ပစၥည္းအျဖစ္ အသုံးျပဳၾကသည္ဟု ဆိုသည္။ အာရပ္နိုင္ငံ တြင္လည္း မီးေနသည္အတြက္ စီေဗာင္းအား မီးရွို့ကာအေငြ႕ရွူၾကေၾကာင္း ေဖာ္ျပမွုမ်ားလည္းရွိသည္။ crd

Be the first to comment

Leave a comment

Your email address will not be published.


*