၂၀၂၂ မှာ ပေါက်ဖော်ကြီးတို့ရဲ့ စီးပွားရေး ဇောက်ထိုးကျသွားဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်ပြော
လာမယ့် ၂၀၂၂ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ဆိုးဆိုးရွားရွားကို ထိုးကျသွားနိုင်ဖွယ် ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်လိုက်ပါတယ်။
အိုမီခရွန်ကြောင့် စီးပွားရေးလုပ်ငန်းတွေ အထိနာနေမှု၊ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမှု၊ ပြည်တွင်း အိမ်ခြံမြေဈေးကွက် ပျက်ယွင်းနေမှုနဲ့ နိုင်ငံခြား ကုန်သွယ်မှု ကျဆင်းနေ မှုတွေကြောင့် တရုတ်နိုင်ငံ စီးပွားရေးဟာ လာမယ့် ၂၀၂၂ အတွင်းမှာ ရုန်းကန်ရ လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ကသုံးသပ်လိုက်တာပါ။
ဈေးကွက်တန်ဖိုး တိုင်းတာတဲ့ GDP အညွှန်းကိန်း အရဆိုရင် တရုတ်နိုင်ငံရဲ့ GDP ဟာ ၂၀၂၁ ခုနှစ်မှာ ၉ ရာခိုင်နှုန်း နီးပါး ရောက်ရှိလာခဲ့ပေမယ့် လာမယ့် ၂၀၂၂ ခုနှစ် မှာတော့ ၅ ဒသမ၄ ရာခိုင်နှုန်းကနေ ၅ဒသမ ၁ ရာခိုင်နှုန်းလောက်အထိ ထိုးကျသွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ထားတာပါ။
ဒီကျဆင်းမှုဟာ ၁၉၉၀ နောက်ပိုင်း တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် အဆိုးရွားဆုံး စီးပွားရေးကျ ဆင်းမှု ဖြစ်လာနိုင်ပြီး ၁၉၈၉ ခုနှစ်တုန်းက အဆိုးဆုံးအဖြစ် တရုတ်နိုင်ငံရဲ့ GDP က ၃ ဒသမ ၉ ရာခိုင်နှုန်း ထိအောင် ကျဆင်း သွား ခဲ့ဖူးတာပါ။
၂၀၂၁ ခုနှစ် အတွင်းမှာ တရုတ်နိုင်ငံဟာ နိုင်ငံတကာ ကုန်သွယ်မှုတွေကနေ အမေရိကန်ဒေါ်လာ ၁၅၆၀၀ ဘီလီယံ နီးပါး ငွေကြေးစီးဆင်းမှု ရှိခဲ့ပြီး လာမယ့်နှစ်မှာတော့ နိုင်ငံတွင်း စီးပွားရေးက အခက် အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ စီးပွားရေး ပါရဂူတွေက သုံးသပ်ထားပါတယ်။ Ref:CNN
Be the first to comment