၆ နှစ်သမီး ကတည်းက တက်တူးထိုးခြင်းကို သင်ယူခဲ့ပြီးနောက် အလွန်ကျွမ်းကျင်ပြီး လူကြိုက်များလာတဲ့ ကောင်မလေး

၆ နှစ်သမီး ကတည်းက တက်တူးထိုးခြင်းကို သင်ယူခဲ့ပြီးနောက် အလွန်ကျွမ်းကျင်ပြီး လူကြိုက်များလာတဲ့ ကောင်မလေး

ထိုင်းနိုင်ငံက မိန်းကလေး တစ်ဦးဟာ အလွန် ကျွမ်းကျင်တဲ့ တက်တူးပညာရှင် တစ်ဦးအဖြစ် လူသိများပြီး သူမရဲ့ မိသားစု ကလည်း သူမကို အပြည့်အဝ ထောက်ခံနေပါတယ် ။

သူမဟာ ငယ်ရွယ်တဲ့ တက်တူးပညာရှင် တစ်ယောက်ဖြစ် လာတဲ့အထိ လိုင်းတွေက တမူထူးခြားစွာဆွဲနိုင်ပြီး အရေးအကြီးဆုံးကတော့ ကမ္ဘာအနှံ့က သူမနဲ့တက်တူးထိုးတဲ့ ဖောက်သည်တွေရှိ နေပါသေးတယ် ။ ဒီကောင်မလေးရဲ့ နာမည်က Noko ပါ ။

သူမရဲ့ အဖေက ကျွမ်းကျင်တဲ့ တက်တူးပညာရှင် တစ်ဦးဖြစ်ပြီးသူ မ အသက် ၆ နှစ် အရွယ်ကတည်းက တက်တူးထိုးခြင်း အနုပညာကို သူမအဖေ ဆီကနေ သင်ယူနားလည် ခဲ့ပါတယ် ။

နယ်သာလန်သို့ ပြောင်းရွှေ့ပြီးနောက် Noko ဟာ တက်တူးထိုးခြင်းအနုပညာကို ပိုစိတ်ဝင်စားပြီး နှစ်သက်လာခဲ့ပါတယ် ။ သူမရဲ့ အဖေက သူမကို သားရေအတုပေါ်မှာ တက်တူးထိုးဖို့ လေ့ကျင့်စေခဲ့ပါတယ် ။

ပုံစံများရေးဆွဲခြင်း အလေ့အ ကျင့်ဖြင့် စတင်ခြင်းအားဖြင့် တကယ့်အသားအရည် တက်တူးပညာရှင် တစ်ယောက် မဖြစ်လာမီ သင်တန်းကာလအတွင်း သူမက ထူးခြားသော အရာ လို့ ခေါ်တဲ့ လိုင်းတစ်ခုရှိခဲ့ပါတယ် ။

သူမပထမဆုံးအကြိမ် သူမအရေပြားပေါ်မှာ တက်တူးစတင် ထိုးခဲ့ပါတယ် ။ ထိုအခါမှာ သူမအလွန် စိုးရိမ်ခဲ့တယ်လို့ ဆိုပါတယ် ။ထိုအချိန်မှာ သူမအသက် ၈ နှစ်သာရှိသေးပေမယ့် နှစ်ပေါင်းများစွာကြာအောင် လေ့လာခဲ့တာကြောင့် သူမက တက်တူးထိုးရာမှာ အလွန် ထက်မြက် သူဖြစ်ပြီး IG မှာ Follower ပေါင်း ၂၅၃၀၀၀ ကျော် ပိုင်ဆိုင်ထားပါတယ် ။

သူမဟာ ကျွမ်းကျင်တဲ့ တက်တူးပညာရှင် တစ်ယောက်ဖြစ်ပေမဲ့အခုကျောင်းသား တစ်ယောက်အနေနဲ့ သူမမှာ ကိုယ်ပိုင် တက်တူးတောင် မရှိသေးပါဘူး ။ ဒါပေမယ့် သူမဟာ လှပတဲ့ မျဉ်းကြောင်းတွေနဲ့ အနုပညာ ပုံစံတွေကို ဆွဲဖို့အတွက် မှော်ဘောပင်ကို အမြဲသုံးလေ့ရှိပါတယ် ။

သူ့ခန္ဓာကိုယ်ပေါ် ရေးဆွဲပြခြင်းဖြင့် အလုပ် တစ်ခုဖြစ်ပြီး ဆိုရှယ်မီဒီယာသို့ မကြာခဏ တင်လေ့ ရှိပါတယ် ။ ဒါ့အပြင် NOKO အမှတ်တံဆိပ်နဲ့ သူမရဲ့ လိုင်းအနုပညာကို အခြေခံထားတဲ့ ကိုယ်ပိုင် အဝတ်အစား အမှတ်တံဆိပ်လည်း ရှိပါသေးတယ် ။ crd

Add a Comment

Your email address will not be published. Required fields are marked *