ၿပည္သူမ်ားအတြက္ ၅၀၀ က်ပ္တန္ ဇလုံထမင္းဆိုင္မွ ၅၀၀ တန္ ေဈးတန္းအျဖစ္ တိုးခ်ဲ႕ဖြင့္လွစ္လိုက္တဲ့ ဇလုံထမင္းဆိုင္ကို စတင္ တည္ေထာင္သူ

ၿပည္သူမ်ားအတြက္ ၅၀၀ က်ပ္တန္ ဇလုံထမင္းဆိုင္မွ ၅၀၀ တန္ ေဈးတန္းအျဖစ္ တိုးခ်ဲ႕ဖြင့္လွစ္လိုက္တဲ့ ဇလုံထမင္းဆိုင္ကို စတင္ တည္ေထာင္သူ

ရန္ကုန္ၿမိဳ့မွာ ပထမဆုံး စတင္ဖြင့္လွစ္ခဲ့တဲ့ ၅၀၀တန္ ဇလုံ ထမင္းဆိုင္မွ ၅၀၀ တန္ ေဈးတန္းကို တိုးခ်ဲ႕ ဖြင့္လွစ္ထားၿပီျဖစ္ၿပီး အမွတ္-၂၅၃ ၊ ေျမာက္ဒဂုံ ၿမိဳ့နယ္၊ စုေပါင္း႐ုံးလမ္း၊ ၃၇ ရပ္ကြက္မွာ တည္ရွိပါတယ္။

လက္ရွိမွာလည္း ေနာက္ထပ္ ေဈး႐ုံတစ္႐ုံ ထပ္မံ ေဆာက္လုပ္ေနၿပီး ဒီဇင္ဘာလ တတိယ အပတ္ထဲ ၿပီးစီးေအာင္ ေဆာက္လုပ္ သြားမည္ျဖစ္ကာ ေရာင္းခ်လို သူေတြကိုလည္း လက္ခံသြားမယ္လို့ ဆိုပါတယ္။

၅၀၀ က်ပ္တန္ ဇလုံ ထမင္းဆိုင္ကို စတင္ တည္ေထာင္ထားတဲ့ ကိုေနသူရိန္က “ ဆိုင္ေလး တစ္ဆိုင္ စၿပီး လာဖြင့္ တာပါ ၊ ေနာက္ေတာ့ ဆိုင္ေတြ ထပ္ေပၚ လာတယ္၊ သူတို့ လာေရာင္းၾကေတာ့ လည္း ကၽြန္ေတာ္ ေဈး႐ုံေလး ထပ္ေဆာက္ ေပးသြားမယ္ေပါ့ ၊ ေဆာက္ၿပီးသြားရင္ေတာ့ ေဈးဆိုင္ ခန္းေတြ ထပ္ၿပီးလက္ခံ ေပးသြားပါမယ္ ” လို့ ေျပာျပထားပါတယ္။ crd

Unicode … ပြည်သူများအတွက် ၅၀၀ ကျပ်တန် ဇလုံထမင်း ဆိုင်မှ ၅၀၀ တန် ဈေးတန်းအဖြစ် တိုးချဲ့ဖွင့်လှစ်လိုက်တဲ့ ဇလုံထမင်းဆိုင်ကို စတင် တည်ထောင်သူ

ရန်ကုန်မြို့မှာ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့တဲ့ ၅၀၀တန် ဇလုံ ထမင်းဆိုင်မှ ၅၀၀ တန် ဈေးတန်းကို တိုးချဲ့ ဖွင့်လှစ်ထားပြီဖြစ်ပြီး အမှတ်-၂၅၃ ၊ မြောက်ဒဂုံ မြို့နယ်၊ စုပေါင်းရုံးလမ်း၊ ၃၇ ရပ်ကွက်မှာ တည်ရှိပါတယ်။

လက်ရှိမှာလည်း နောက်ထပ် ဈေးရုံတစ်ရုံ ထပ်မံ ဆောက်လုပ်နေပြီး ဒီဇင်ဘာလ တတိယ အပတ်ထဲ ပြီးစီးအောင် ဆောက်လုပ် သွားမည်ဖြစ်ကာ ရောင်းချလို သူတွေကိုလည်း လက်ခံသွားမယ်လို့ ဆိုပါတယ်။

၅၀၀ ကျပ်တန် ဇလုံ ထမင်းဆိုင်ကို စတင် တည်ထောင်ထားတဲ့ ကိုနေသူရိန်က “ ဆိုင်လေး တစ်ဆိုင် စပြီး လာဖွင့် တာပါ ၊ နောက်တော့ ဆိုင်တွေ ထပ်ပေါ် လာတယ်၊ သူတို့ လာရောင်းကြတော့ လည်း ကျွန်တော် ဈေးရုံလေး ထပ်ဆောက် ပေးသွားမယ်ပေါ့ ၊ ဆောက်ပြီးသွားရင်တော့ ဈေးဆိုင် ခန်းတွေ ထပ်ပြီးလက်ခံ ပေးသွားပါမယ် ” လို့ ပြောပြထားပါတယ်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*