ဗြိတိသျှပြတိုက် ရောက်နေတဲ့ မြန်မာ့အမွေအနှစ်စစ်စစ် တန်ဖိုးကြီး ဆင်စွယ်ပန်းပုစေတီတော်

ဗြိတိသျှပြတိုက် ရောက်နေတဲ့ မြန်မာ့အမွေအနှစ်စစ်စစ် တန်ဖိုးကြီး ဆင်စွယ်ပန်းပုစေတီတော်

ဗြိတိသျှပြတိုက် ရောက်နေတဲ့ မြန်မာ့အမွေ အနှစ် စစ်စစ် တန်ဖိုးကြီး ဆင်စွယ်ပန်းပုစေတီတော် … ၁၉ ရာစု အစောပိုင်းက ဆင်စွယ်ဖြင့်ပြုလုပ်ထားတဲ့ စေတီတော်ပုံစံ ပန်းပုလက်ရာ ဖြစ်ပြီး ဒီဆင်စွယ် ပန်းပုကို မြန်မာနိုင်ငံ မော်လမြိုင်မှ ပြုလုပ်သည်ဟု ဖော်ပြထားပါတယ်။

pk

ဗြိတိသျှပြတိုက်

ယခုဖော်ပြပါ ဆင်စွယ်ပန်းပုသည် အမြင့် ၂၈.၅စင်တီမီတာ အမြင့်ရှိပြီး ဆင်စွယ်ပန်းပုတွင် အပိုင်း ၄ ပိုင်း တို့ဖြင့် ပေါင်းစပ် ပြုလုပ်ထားပါသည်။အပိုင်းအလိုက် ပြုလုပ်ထားသော ပန်းပုများရှိပြီး အပိုင်းတစ်ခုခြင်း ဖော်ပြရလျှင် အပေါ်ဆုံးထိပ်ပိုင်းတွင်

ဗောဓိပင်ရင်းအောက် ပလ္လင်ပေါ်မှ ဗုဒ္ဓ မြတ်စွာဘုရား၏ ပုံတော်ကို ဆင်စွယ်ဖြင့် ထုလုပ်ပြီး ထည့်သွင်းကာ ပူဇော်ထား ပါတယ်။ ဒုတိယအပိုင်းတွင်တော့ ကြာပလ္လင်ပေါ်တွင် ဘူမိမုဒြာဖြင့် ထိုင်တော်မူသော ဗုဒ္ဓမြတ်စွာ ဘုရားရှင်အား လက်ဝဲ လက်ယာမှ နတ်နှစ်ပါးမှ ရှိခိုးနေဟန် ထုလုပ်ထားသည်။

တတိယအပိုင်းတွင် ပဉ္ဖဝဂီ ငါးဦးအား ရည်ညွှန်းတဲ့ ရဟန်း ၅ပါး၏ ရှိခိုးနေကြပုံကို ထွင်းထုထား ပါသည်။အောက်ဆုံး စတုတ္ထအပိုင်းတွင်တော့ တိရစ္ဆာန်လေးကောင်၏ ရုပ်ပုံတို့ကိုထွင်းထုထားပြီး ဆင်၊ ကျား၊ ခြင်္သေ့ နှင့် အောက်ဆုံး အခြေဘက်တွင် သစ်ပင်အောက်မှ သမင်တစ်ကောင်ရဲ့ပုံ ထွင်းထု ထားပါသည်။

ဆင်စွယ်တစ်ချောင်းလုံးကို အခေါင်းဖေါက်ထွင်းပြီး အထဲမှာ စေတီတော်တို့ရှိ ဌာပနာတိုက်ပုံစံ စိတ်ကူး ဖြင့် ဗုဒ္ဓရုပ်ပွားတော် အသေးကို (ဆင်စွယ်၏ ထိပ်ဖျားပိုင်းဖြင့်) ထုလုပ်ကာ ထည့်သွင်း ထားသည်။ လက်ရှိ ဗြိတိသျှပြတိုက်တွင် ထိန်းသိမ်း ပြသထားပါသည်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*