ႏွစ္သန္းေပါင္းမ်ားစြာ သက္တမ္းရွိတဲ့ ထူးဆန္ေသာ ပံုသ႑န္ႏွင့္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းအခ်ိဳ႕ ေပါက္ၿမိဳ႕နယ္ထဲမွာေတြ႕ရွိ

ႏွစ္သန္းေပါင္းမ်ားစြာ သက္တမ္းရွိတဲ့ ထူးဆန္ေသာ ပံုသ႑န္ႏွင့္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းအခ်ိဳ႕ ေပါက္ၿမိဳ႕နယ္ထဲမွာေတြ႕ရွိ

မေကြးတိုင္းေပါက္ၿမိဳ႕နယ္ထဲက ဝက္ပုတ္႐ြာရဲ႕ အေရွ႕ဘက္ ယာခင္းတခုနားမွာ အ႐ြယ္အစားႀကီးမားတဲ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ပုံစံတခ်ိဳ႕ကို ေဒသခံေတြက တူးေဖာ္ေတြ႕ရွိခဲ့တယ္လုိ႔ သိရပါတယ္။

တူးေဖာ္ေတြ႕ရွိရသည့္အရာမ်ား အနက္မွ အခ်ိဳ႕မွာ လူႀကီးတေယာက္ကိုယ္လုံးခန႔္ရွိၿပီး အုန္းပင္ကဲ့သို႔ အရစ္မ်ားအထင္းသားေပၚေနတဲ့ ရွည္လ်ားသည့္ အပင္ကဲ့သို႔ အရာႏွစ္ခုျဖစ္ၿပီး အနီးအနားတြင္လည္း ဥပုံစံ လုံးဝန္းေနသည့္ ေက်ာက္တုံးႀကီးမ်ားကို ေတြ႕ရသည္။

ထို အပင္ပုံစံႏွစ္ခုမွာ အနီးရွိ ဂူေပါက္ငယ္တခုထဲသို႔ လ်ိဳဝင္သြားသျဖင့္ ႐ြာသားေတြကေတာ့ အလြယ္တကူ ေက်ာက္ျဖစ္႐ုပ္ႂကြင္းဂူလုိ႔ ေခၚၾကတယ္လုိ႔လည္း သိရပါတယ္။

ကနဦးသုံးသပ္ခ်က္မ်ားအရ ထိုအရာဝတၳဴတို႔မွာ သတၱဝါ႐ုပ္ႂကြင္းထက္ အျခားအပင္ႏွင့္ ႏွစ္သန္းေပါင္းမ်ားစြာ ေရတိုက္စားမႈေၾကာင့္ ပုံသဏၰန္ေျပာင္းလာတဲ့ ေက်ာက္တုံးမ်ား ျဖစ္ႏိုင္ေၾကာင္းသိရွိရၿပီး

လူမႈကြန္ယက္ေပၚမွာ ပ်ံ႕ႏွံလာတဲ့ ပုံေတြအရ ထိုေနရာကို ေဒသခံမ်ားအေနျဖင့္ စနစ္တက် ထိန္းသိမ္းသြားရန္ ဆႏၵရွိၾကၿပီး တတ္ ကြၽမ္းနားလည္သူမ်ားက လာေရာက္စစ္ေဆးရန္လည္း ဆႏၵရွိၾကတယ္လုိ႔ သိရပါတယ္။ crd

unocode … နှစ်သန်းပေါင်းများစွာ သက်တမ်းရှိတဲ့ ထူးဆန်သော ပုံသဏ္ဍန်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းအချို့ ပေါက်မြို့နယ်ထဲမှာတွေ့ရှိ

မကွေးတိုင်းပေါက်မြို့နယ်ထဲက ဝက်ပုတ်ရွာရဲ့ အရှေ့ဘက် ယာခင်းတခုနားမှာ အရွယ်အစားကြီးမားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ပုံစံတချို့ကို ဒေသခံတွေက တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တူးဖော်တွေ့ရှိရသည့်အရာများ အနက်မှ အချို့မှာ လူကြီးတယောက်ကိုယ်လုံးခန့်ရှိပြီး အုန်းပင်ကဲ့သို့ အရစ်များအထင်းသားပေါ်နေတဲ့ ရှည်လျားသည့် အပင်ကဲ့သို့ အရာနှစ်ခုဖြစ်ပြီး အနီးအနားတွင်လည်း ဥပုံစံ လုံးဝန်းနေသည့် ကျောက်တုံးကြီးများကို တွေ့ရသည်။

ထို အပင်ပုံစံနှစ်ခုမှာ အနီးရှိ ဂူပေါက်ငယ်တခုထဲသို့ လျိုဝင်သွားသဖြင့် ရွာသားတွေကတော့ အလွယ်တကူ ကျောက်ဖြစ်ရုပ်ကြွင်းဂူလို့ ခေါ်ကြတယ်လို့လည်း သိရပါတယ်။

ကနဦးသုံးသပ်ချက်များအရ ထိုအရာဝတ္ထူတို့မှာ သတ္တဝါရုပ်ကြွင်းထက် အခြားအပင်နှင့် နှစ်သန်းပေါင်းများစွာ ရေတိုက်စားမှုကြောင့် ပုံသဏ္ဏန်ပြောင်းလာတဲ့ ကျောက်တုံးများ ဖြစ်နိုင်ကြောင်းသိရှိရပြီး

လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံလာတဲ့ ပုံတွေအရ ထိုနေရာကို ဒေသခံများအနေဖြင့် စနစ်တကျ ထိန်းသိမ်းသွားရန် ဆန္ဒရှိကြပြီး တတ် ကျွမ်းနားလည်သူများက လာရောက်စစ်ဆေးရန်လည်း ဆန္ဒရှိကြတယ်လို့ သိရပါတယ်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*