Unicode … နှစ်ပေါင်း ၆၀ ကြာခဲ့ပြီဖြစ်ပေမဲ့ ယနေ့ချိန်အထိ ငြိမ်းသွားခြင်းမရှိသည့် ထူးဆန်းသော မီးတောက်များ
တရုတ်နိုင်ငံ Chongqing ပြည်နယ်ရှိ ရွာလေး တစ်ရွာတွင် ၄ မီတာလောက် အကျယ်အဝန်း၌ တွင်းပေါက်လေးတွေ ထဲကနေ မီးတောက်များသည် ရေနဲ့ပက် ဖျန်းသော်လည်း ငြိမ်းသွားခြင်း မရှိပဲ အဆက် မပြတ် တောက်လောင်နေခဲ့သည်။
ထိုမီးတောက်များသည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ လောက်ကတည်းက စတင် ပေါ်ပေါက် လာခဲ့ပြီး ထိုနေရာတွင် စီးပွားရေး လုပ်ငန်းရှင်များမှ ရေနံ တူးဖော်ခဲ့ခြင်းမျိုး ပြုလုပ်ခဲ့သည်ဟု ရွာသားအချို့က ဆိုခဲ့သည်။
တွင်းပေါက်ထဲရှိ မီးတောက်များသည် မိုးရွာခြင်း၊ လေတိုက်ခြင်း အပြင် ဆီးနှင်းမျာ းဖုံးလွှမ်းနေသော်လည်း တစ်စက် ကလေးမှ ငြိမ်းသွားသည် မရှိ၍ ရွာသူ ရွာသားများသည် ထင်းခြောက်နှင့် အခြားသော လောင်စာဆီများကို ဝယ်သုံးစရာမ လိုတော့ပဲ ထိုမီးနဲ့သာ ချက်ပြုတ် စားသောက်နိုင်ခဲ့၍ အလွန်အသုံးဝင်ခဲ့ပြီး မီးလောင်မှု ဖြစ်ပွားတာမျိုးလည်း မရှိခဲ့ကြောင်း သိရသည်။ crd
Be the first to comment
Leave a comment
Your email address will not be published.
*