Unicode … ရုပ်ရှင်ထဲက ဘွဲ့တံဆိပ်ကို အပြင်မှာ တကယ်အပ်နှင်းခံခဲ့ရတဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရိတ်
ဂျိမ်းစ်ဘွန်း သရုပ်ဆောင် အဖြစ်ကနေ အနားယူလိုက်ပြီဖြစ်တဲ့ မင်းသားကြီး ဒန်နီရယ်ခရိတ်ဟာ ဗြိတိန်အစိုးရက ပေးအပ်တဲ့ စိန့်မိုက်ကယ်နဲ့ စိန့်ဂျော့ (Order of st michael and st george ) ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ကို နှစ်သစ်ကူး လက်ဆောင်အဖြစ် လက်ခံရရှိခဲ့ ပါတယ်။
ဒီဘွဲ့တံဆိပ်ဟာ စာရေးဆရာကြီး အီယန်ဖလမ်းမင်းရဲ့ ဂျိမ်းစ်ဘွန်း ဝတ္ထုတွေနဲ့ ဘွန်းရုပ်ရှင် ဇာတ်တွေမှာ 007 လျို့ဝှက်အေးဂျင့် စုံထောက်ကို အပ်နှင်းတဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ဖြစ်ပြီး ဒန်နီရယ်ခရိတ်ကတော့ ပြင်ပလက်တွေ့ဘဝမှာ အပ်နှင်းခံခဲ့ရတာပဲဖြစ်ပါတယ်။
ဒန်နီရယ်ခရိတ်ဟာ ၂၀၀၆ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိ ဘွန်းဇာတ်ကား ၅ ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့စွမ်းဆောင် ချက်တွေနဲ့ အောင်မြင်ကျော်ကြားမှုကြောင့် အခုလို ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ခရက်ဒစ်
Be the first to comment
Leave a comment
Your email address will not be published.
*