ငွေမျက်နှာကြည့်ပီး သမီးဖြစ်သူရဲ့အမှုကို ဘတ်သန်း၃၀နဲ့ ကြေအေးပေးလိုက်တဲ့ ထိုင်းမင်းသမီးရဲ့ မိခင်

ငွေမျက်နှာကြည့်ပီး သမီးဖြစ်သူရဲ့အမှုကို ဘတ်သန်း၃၀နဲ့ ကြေအေးပေးလိုက်တဲ့ ထိုင်းမင်းသမီးရဲ့ မိခင်

“ ငါ့သမီး …အလကားမသေရဘူး ၊ အလကားမသေရဘူး ဆိုပြီး ဘတ်သန်း ၃၀ နဲ့ အမှုကို အမေပိတ်လိုက်ပြီ “

အော် ငွေ ငွေ ငွေ money 💰 💴 💵 ထီထိုးရင်တောင် ထိုင်းထီကြီးပထမဆု ငါးစောင်တွဲပေါက်မှာ ဘတ်သန်း ၃၀ ရမှာပါ ၊ ဒါတောင်ကံထူးမှပါ ။ ခုတော့ အမေတစ်သက်လုံးရှာရင်တောင် မရနိုင်တဲ့ဘတ်သန်း ၃၀ နဲ့သမီးရဲ့အမှုမှန်ကို ပိတ်လိုက်ခြင်းပါဘဲ ။ နောက်ဆုံးတော့ငွေမျက်နှာနဲ့ အဖျားရှူးသွားရလေ၏ ။

ခုတော့ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ အဆဲခံရဆုံးလူသားဟာ မိခင်ဘက်ဦးတည်သွားပါပြီ ။ ထိုင်းနိုင်ငံက နာမည်ကြီ းသရုပ်ဆောင်မော်ဒယ် “ နောင့်သဲန်းမိုး “ 🍉 แตงโม ကျောက်ဖရားမြစ်ထဲ ညအချိန်စပိဘုတ်ပေ့်ကနေပြုတ်ကျသေဆုံးမှုဟာ ထိုင်းရဲချုပ်ကြီးပါ ဦးဏှောက်ရှုပ်စေခဲ့တဲ့ဖြစ်စဉ်ပါ ။

သူဘာကြောင့်ပြုတ်ကျသေဆုံးရတယ်ဆိုတဲ့ အဖြစ်အမှန်ကို တစ်လုံးပြည်လုံးကပရိတ်သတ်တွေကြားမှာရော သတင်းမီဒီယာတွေမှာ အထူးစိတ်ဝင်စားစရာကောင်းတဲ့သတင်းပါ ။ အစပိုင်းကတော့ P မိုး ရဲ့ မိခင်ဖြစ်သူဟာ အမှုမှန်ပေါ်ပေါက်စေရမယ်လို့ဆိုပါတယ် ။ ရဲတွေတော်တော်အကျပ်တွေ့စေတဲ့အမှုပါ ။

မင်းသမီးနဲ့အတူစပိဘုတ်ပေါ်မှာပါတဲ့ သမီးရဲ့မန်နေဂျာမနဲ့ Hight Boos အိုက်ပေါ အပါ အခြားအမျိုးသား ၂ ဦးတို့ကိုရဲက အသေးစိတ်စစ်ဆေးနေသလို ထွက်ဆိုချက်တွေက မကိုက်ညီကြဘူး ၊

ဖေဖဝါရီလ ၂၄ ရက်နေ့ ညက မင်းသမီးက စပိဘုတ်ပဒ့ပိုင်းကနေ အပေါ့သွားရင်းမြစ်ထဲကိုပြုတ်ကျတာလို့မန်နေဂျာမထွက်ဆိုတယ် ၊ နာရီပေါင်း ၃၈ နာရီခန့်မှ ရုပ်အလောင်းကရေပေါ်ပေါ်လာတယ် ၊ ညာဘက်ပေါင်ရင်းမှာပြတ်ရှဒဏ်ရာကြီးပါလာတယ် ( ပန်ကာနဲ့ခုတ် မိတာလား ၊ ဘာလား ဘဲ ) ၊ အိုက်ပေါဆိုတဲ့ သူဌေးရဲ့ခန္ဓာမှာ ကုတ်ရာခြစ်ရာတွေကို စစ်ဆေးတွေ့ရှိရတယ် ၊

သူကတော့ ငါးမျှားရင်းခြစ် မိထားတာပါတဲ့ ၊ စပိဘုတ်မြန်နှုန်းနဲ့ မင်းသမီးတစ်ယောက်ဟာ ပဲ့ပိုင်းမှ ာရှူးရှူးထိုင်ပေါက်ဘို့ မဖြစ်နိုင်သလို သူမ ဝတ်ထားတဲ့ အတွင်းခံဟာ ဘီကိနီဝတ်စုံလို ဖြစ်နေပြီးအပြင်က ဂါဝန်ဝတ်ထားတာမို့ ဂါဝန်လှန်ပြီးထိုင်ပေါက်ဘို့ အဆင်မပြေသလို လက်တစ်ဖက် ကလည်း ဖျင်ကြားညှပ်နေတဲ့ဂွကြားက ဘီကိနီကို ဆွဲဖြဲရမှာဖြစ်ပါတယ် ။ Crd ; SiThuMaung

Be the first to comment

Leave a comment

Your email address will not be published.


*