Live လွှင့်စျေးရောင်းနေရင်းတန်းလန်းနဲ့ နေမကောင်းဖြစ်လို့ ဆရာဝန်ခေါ်ပြီး ဆေးသွင်းလိုက်ရတဲ့ မေပန်းချီ

Live လွှင့်စျေးရောင်းနေရင်းတန်းလန်းနဲ့ နေမကောင်းဖြစ်လို့ ဆရာဝန်ခေါ်ပြီး ဆေးသွင်းလိုက်ရတဲ့ မေပန်းချီ

သရုပ်ဆောင်၊ မော်ဒယ်လ် မေပန်းချီ ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ များစွာရိုက်ကူးရင်း အနုပညာလောကမှာ အောင်မြင်လာခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်နော်။

သရုပ်ဆောင် မင်းသမီး တစ်ယောက်ဖြစ်တဲ့ မေပန်းချီဟာလတ် တလောမှာတော့ ဇာတ်ကား ရိုက်ကူးမှုတွေကို ရပ်နားထားပြီး အွန်လိုင်း Live Sale တွေ ရောင်းချရင်းသာ ပရိသတ်နဲ့ ထိတွေ့ ဆက်ဆံနေရတာပဲ ဖြစ်ပါတယ်။

အွန်လိုင်း Live Sale တွေကို နေ့ရောညပါ ဆက်တိုက် ရောင်းချပေးနေရတဲ့ မေပန်းချီဟာ နားချိန်ရယ်လို့ မရှိအောင် အလုပ်တွေ ကြိုးစားနေသူပါ။

နေ့ရောညပါ အလုပ်လုပ်ရင်း အလုပ်တွေ ပင်ပန်းလာခဲ့တဲ့ မေပန်းချီဟာ ဒီကနေ့မှာတော့ အလုပ်လုပ်နေရင်း တန်းလန်းနဲ့ပဲ နေမကောင်းဖြစ်လို့ ဆရာဝန်ခေါ်ပြီး ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာပါတယ်။

မေပန်းချီက အလုပ်လုပ်နေရင်း ဆေးထိုးခံရတဲ့ သူမရဲ့အဖြစ်ကို “ဆံထုံးနဲ့ ဆေးသွင်းရတာ ကိုယ်ပဲရှိတယ် ဈေးသည် ဆိုတော့” ဆိုပြီး ဓာတ်ပုံလေးနဲ့တကွ ပြောပြလာပါတယ်။

မေပန်းချီ ကတော့ အလုပ်တွေ ပင်ပန်းပေမယ့် ပြည့်ပြည့်ဝဝဆေးကုသမှုတောင် မခံယူရပဲ အလုပ်တစ်ဖက်နဲ့ပဲ ဆေးသွင်းခဲ့ရတာပဲ ဖြစ်ပါတယ်။

မေပန်းချီ တစ်ယောက် အမြန်ဆုံး နေကောင်း ကျန်းမာပြီး အ လုပ်တွေ ပြန်လုပ်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။
ဖတ်ရှုပေးကြတဲ့ စာဖတ်သူ ပရိသတ်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ချမ်းသာပြီး ဘေးအန္တာရယ်အပေါင်းမှ ကင်းဝေးကြပါစေခင်ဗျာ။ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*