ဘီယာခွက်တွေ ခဏခဏခိုးခံရလို့ ဆိုင်ကိုလာတဲ့ ဖောက်သည်တွေရဲ့ဖိနပ်ကို အပေါင်ပစ္စည်းအဖြစ် ဆိုင်ရှင်ဆီမှာ အပ်ထားရသည့် ဘီယာဆိုင်
ဘယ်လ်ဂျီယန်က အရက်ဆိုင်ဘီယာဆိုင် တော်တော်များများသည် ဘီယာခွက်အခိုးခံရသည့် ပြဿနာကို မကြာခဏ ကြုံတွေ့ရပါတယ် ။ လွန်ခဲ့သော နှစ်အနည်းငယ်က အရက်ဆိုင် ပိုင်ရှင်တို့သည် သူတို့ရဲ့ဆိုင်ရဲ့ ခွက်တွေဖောက်သည်များ မခိုးနိုင်အောင် နည်းလမ်း အမျိုးမျိုးကို ကျင့်သုံးခဲ့ပါတယ်။
ဥပမာအားဖြင့် Ghent မြို့က ဘီယာဆိုင် တစ်ဆိုင်သည် ဆိုင်ကိုလာရောက်အားပေးတဲ့ ဖောက်သည်များကို ဘီယာ တစ်ခါသောက်ပါက သူတို့ရဲ့ ဖိနပ် တွေကို အာမခံအနေဖြင့် ဆိုင်ရှင်ကို ပေးထားရပါတယ်။
Belgian ဘီယာသည် ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကျော်တဲ့ ဘီယာဟုလူ သိများပါတယ် ။ ဥရောပနိုင်ငံများသို့ လာရောက် လည်ပတ်တဲ့ ခရီးသည်များသည် ဘီယာဆိုင်ကို လာရောက်အားပေးသည်မှာ အံဩစရာ မဟုတ်ပေမယ့် သူတို့တွေ အများစုဟာ ဆိုင်က ဘီယာခွက်က အလွန်လှပသောကြောင့် ခရီးသွား အမှတ်တရ လက်ဆောင်အဖြစ် ခိုးယူပြန်ကြတာ အများကြီး ကြုံတွေ့နေရပါတယ်။
ထိုဆိုင်ရှင်သည် သူတို့ရဲ့ဆိုင်က ဘီယာခွက်များကို တခြားဆိုင်တွေနဲ့ မတူအောင် အနုပညာ လက်ရာဒီဇိုင်းများဖြင့် ဖန်တီးထားသော ခွက်များကို အသုံးပြုထားပါတယ်။ ထိုခွက်လေးတွေဟာ အရမ်းလည်းလှသလို ဈေးလည်းအလွန်ကြီးပါတယ်။ တစ်နှစ်လျှင် ဆိုင်က ဘီယာခွက်များသည် အနည်းဆုံး ဘီယာဖန်ခွက်ပေါင်း ၄၀၀၀ ကျော်လောက် ပျောက်ဆုံးနေခဲ့သည်ဟု ဆိုပါတယ်။
ထို့ကြောင့် ဆိုင်ရှင်က ဘီယာခွက်ခိုးယူမှုမှ ကာကွယ်ရန် အတွက် ဘီယာသောက်ရန် လာရောက်တဲ့ ဖောက်သည်များအား သူတို့ရဲ့ ဖိနပ်များကို အပေါင်ပစ္စည်းအဖြစ် ဆိုင်ဝန်ထမ်းတွေဆီ အပ်ထားရပြီး ဘီယာသောက်ပြီး ခွက်လာအပ်တဲ့ အချိန်မှသာ ထိုဖိနပ်တွေကို ပြန်ပေးခဲ့ပါတယ်။
သူတို့ဆိုင်လာတဲ့ ဖောက်သည်ရဲ့ ဖိနပ်များကို ဆိုင်ရဲ့မျက်နှာကြက်ပေါ်မှာ တွဲလောင်းချ ထားတဲ့ခြင်းတောင်း တစ်ခုထဲမှာ ထည့်ထားပြီး ထိုဖိနပ်ခြင်းတောင်း တွေဟာ ဘီယာဆိုင်ရဲ့ ဆွဲဆောင်မှု တစ်ခုဖြစ်လာ ခဲ့ပါတယ် ။
Be the first to comment