လက်ဘက်ရည်ရောင်းရင်း နိုင်ငံပေါင်း ၂၃ နိုင်ငံကို လည်ပတ်ခဲ့ကြတဲ့ ကြည်နူးဖွယ် ဇနီးမောင်နှံ

လက်ဘက်ရည်ရောင်းရင်း နိုင်ငံပေါင်း ၂၃ နိုင်ငံကို လည်ပတ်ခဲ့ကြတဲ့ ကြည်နူးဖွယ် ဇနီးမောင်နှံ

Anand Mahindra ဟာ သူမတူတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း တွေကို Twitter ပေါ်မှာ ပြန်လည် မျှဝေလေ့ရှိတဲ့ အိန္ဒိယ နိုင်ငံမှ Social Media Influencer တစ်ဦး ဖြစ်ပါတယ်။ ဇန်နဝါရီလ (၉)ရက်နေ့၊ ၂၀၁၉ တုန်းက Anand Mahindra ပြန်လည်မျှဝေထားတဲ့ ထူးထူးခြားခြား ဇနီးမောင်နှံ နှစ်ဦးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ထိုဇနီးမောင်နှံ နှစ်ဦးဟာ လက်ဘက်ရည်ရောင်းရင်း နိုင်ငံ (၂၃) နိုင်ငံသို့သွားရောက် ကမ္ဘာပတ်ခဲ့တဲ့ ဇနီးမောင်နှံ နှစ်ဦးပဲ ဖြစ်ပါတယ်။Vijayan နဲ့ Mohana လို့ အမည်ရတဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ Sree Balaji Coffe House ဆိုတဲ့ လက်ဘက်ရည်ဆိုင်လေးကို Kochi မြို့ရဲ့အလယ်ပိုင်းမှာ ဖွင့်ထားပါတယ်။ ဒီလက်ဘက်ရည်ဆိုင် လေးကနေပဲ တစ်နေ့ကို အိန္ဒိယရူပီး (၃၀၀) လောက် စုစု ထားခဲ့ကြပါတယ်။

ဒီငွေဟာ အခုခေတ် ဒေါ်လာပေါက်ဈေးနဲ့ဆိုရင်တော့ (၄) ဒေါ်လာ လောက်ပျမ်းမျှရှိပါတယ်။လက်ဘက်ရည်ဆိုင်ကို နှစ်ဦးတည်း တပိုင်တနိုင် လုပ်ကိုင်လေ့ရှိပြီး အပိုငွေ မထွက်စေဖို့ အလုပ်သမား တစ်ယောက်တစ်လေတောင် မထားရှိပါဘူး။ ကုန်ကျစရိတ်ကိုလည်း တတ်နိုင်သလောက် ချိုးခြံ ခြွေတာပြီး စားဝတ်နေရေးအတွက် အသုံးပြုပြီး ပိုလျှံနေတဲ့ ပိုက်ဆံတွေအားလုံးကို ခရီးထွက်ဖို့ဆိုတဲ့ စိတ်ကူးနဲ့ အမြဲတမ်း စုထားလေ့ရှိပါတယ်။

သို့ပေမယ့် နိုင်ငံပြင်ပသို့ ခရီးထွက် စရိတ်ဟာ သာမန်လက်လုပ် လက်စားတွေဖို့ ပုံမှန်ထက် များနေတာကြောင့် ခရီးထွက်ဖို့ဟမလုံလောက်ခဲ့ပါဘူး။ ဒါကြောင့် Vijayan နဲ့ Mohana တို့ဟာဘဏ်မှချေးငွေယူကာ နိုင်ငံခြားခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ခရီးကနေ ပြန်ရောက်ပြီးတဲ့အခါမှာတော့ ယူထားတဲ့အကြွေးကို (၃) နှစ်တိတိ ပြန်ဆပ်ရပါတယ်။

ဒီလိုနဲ့ (၃) နှစ်တစ်ခါ နိုင်ငံတစ်နိုင်ငံသို့ခရီးထွက်လိုက် ပိုက်ဆံပြန်ဆပ်လိုက်နဲ့ သံသရာ လည်နေခဲ့တာပါ။ နိုင်ငံတစ်နိုင်ငံချင်းစီမှာ ဇနီးမောင်နှံနှစ်ယောက်ရိုက်ကူးထားတဲ့ အမှတ်တရဓာတ်ပုံများကိုတော့ လက်ဘက်ရည်ဆိုင်ရဲ့ နံရံတွေမှာ ချိန်ဆွဲထားလေ့ရှိပါတယ်။ Vijayan နဲ့ Mohana တို့ဟာ အခုဆိုရင်တော့ အသက် (၇၀) ဖြစ်ပြီး လက်တွဲလာခဲ့တဲ့ အိမ်ထောင်သက်တမ်းကတော့ နှစ်ပေါင်း (၄၅) နှစ်လောက်ရှိနေပါပြီ။

ကမ္ဘာပတ်တဲ့စိတ်ကူးကိုတော့ လွန်ခဲ့တဲ့ (၅၆) နှစ်၊အိမ်ထောင်မကျခင်၊၁၉၆၃ ခုနှစ်ကတည်းက အကောင်အထည် ဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။ Vijayan ဟာ ရောက်ဖူးခဲ့သမျှ သူအနှစ်သက်ဆုံး ခရီးစဉ်တွေကတော့ စင်္ကာပူ၊ ဆွစ်ဇလန်နဲ့ နယူးယောက်တို့ပါလို့ ဆိုပါတယ်။ လာမယ့်နှစ်တွေထဲ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ ဂရင်းလန်းနဲ့ နော်ဝေးခရီးစဉ်ကို သွားဖို့အတွက် စီစဉ်နေတယ်လို့လည်း သိရပါတယ်။

သူတို့နှစ်ဦးအကြောင်းကိုခြေခံကာ ရိုက်ကူးထားတဲ့ Invisible Wing ဆိုတဲ့ documentary film ဟာ နာမည်ရဒါရိုက်တာ Hari M Mohanan ရိုက်ကူးထားပြီး ၂၀၁၈ ခုနှစ်အတွက် Best Flim- Non Fiction ဆုကို Filmfare မှာ ရရှိခဲ့ပါတယ်။

သူတို့အကြောင်းကို လူအများပိုသိသွားအောင် Twitter မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ Anand Mahindraကတော့ “ သူတို့ နှစ်ဦးဟာ Forbes က ထုတ်ပြန်တဲ့ ကမ္ဘာအချမ်းသာဆုံး စာရင်းထဲမှာ မပါဝင်ကြပေမယ့် ကျွန်တော့အတွက်ကတော့ ကမ္ဘာ့အချမ်းသာဆုံးလူဆုံးလူသား နှစ်ဦးလို့ သတ်မှတ်ခဲ့ပါတယ်။

ဘဝရဲ့အဓိပ္ပာယ်ကို ကောင်းကောင်းကြီး သိသွားခဲ့လို့လည်း အချမ်းသာဆုံးလို့ သတ်မှတ်ထားတာပါ။ အဲဒီမြို့ကိုရောက်ဖြစ်ခဲ့ရင် ကျွန်တော်ကတော့ သူတို့ဆိုင်မှာ လက်ဘက်ရည် သွားသောက်ဦးမယ်” လို့ရေးထားခဲ့ပါတယ်။ ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*