ဌာနဆိုင်ရာရုံးများတွင် ပြည်သူကို ပညာပြနေကြသော လုပ်ရပ်အား လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်ကိုယ်ကျ လက်ပူးလက်ကြပ် ဖော်ထုတ်

ဌာနဆိုင်ရာရုံးများတွင် ပြည်သူကို ပညာပြနေကြသော လုပ်ရပ်အား လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်ကိုယ်ကျ လက်ပူးလက်ကြပ် ဖော်ထုတ်

ဌာနဆိုင်ရာ ရုံးများ တွင် ပြည်သူ ကို ပညာပြနေကြသော လုပ်ရပ်အား လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် ကိုယ်ကျ လက်ပူး လက်ကြပ် ဖော်ထုတ် လိုက်ပြီ ။ပြောပြန် ရင် လည်း …… ဖတ်သာကြည့် လိုက်ကြပါ…

မြေယာ အမှုတစ်ခု ကို ၅ နှစ်လောက် စစ်ဆေးရတဲ့ အကြောင်းရင်း တစ်ခု ကို မနေ့က အခြားနည်း သုံးစွဲခွင့် ခွင့်ပြုမိန့် ကို ပြည်နယ် မြေစာရင်းရုံး မှာ ကိုယ်တိုင် သွားထုတ်ယူစဉ်က သိလိုက် ရတယ် ။ ကိုယ့်ကိုယ် ကိုလည်း လွှတ်တော် ကိုယ်စားလှယ် လို့ မိတ်မဆက်ဘူ၊ mask နဲ့ မို့ ကိုယ့်ကို လည်း ဘယ်သူမှ မသိဘူး၊ သာမာန်လူ အနေ နဲ့ပဲ သွားထုတ်ယူခြင်း ဖြစ်တယ်။

တွေ့ရှိချက်

သွားထုတ်ယူစဉ် က ကိုယ်တစ်ယောက်တည်း ရှိတာကို စာရွက်တစ်ရွက်တည်း ထုတ်ဖို့ကို ၁ နာရီ လောက် ထိုင်စောင့် ရတယ် ။ ဝန်ထမ်းတွေက အလုပ်ချိန် အတွင်း မှာ ကိုယ်ရေး ကိုယ်တာ ဖုန်းကို အကြာကြီးနဲ့ အကျယ်ကြီး ပြောနေ တယ် ။ (ကျွန်မက ရုံးခန်းနံရံနား မှာ ရပ်ပြီးကြည့်နေလည်း သူက တွေ့နေလည်း ပြည်သူတစ်ယောက် ရှိနေတာကို အလေးမထားပဲ ပြောမြဲပြောနေ တယ်)

အေးရာ အေးကြောင်ပဲ တနေ့တာ အချိန်ကုန်ဖို့ကိုပဲ မသိမသာ စောင့်နေကြ တယ် ။ စကားပြောနေကြ တယ် ။ စာရွက်စာတမ်းတွေ ထိန်းသိမ်းထားရှိမှုက စနစ်တကျ မရှိ။ ပြန့်ကြဲ နေတာပဲ။ အရေးကြီး စာရွက်စာတမ်း အမြန်ရှာခိုင်းရင် တွေ့ပါ့မလားတောင် မသိဘူး ။ ပုံစံ စာရွက်ပေါ် အမည်လေးပဲ ပြန်ဖြည့်ပေးရုံ ကို ရစ်သီရစ်သီနဲ့ ဘာလုပ်နေမှန်း ကိုမသိဘူး။ ( အသိတယောက် ပြောတာတော့ ပိုက်ဆံတောင်းချင်လို့ အဲလို လုပ်တာတဲ့ ဟုတ်လားမသိ)

စာရိုက်ပြီးတော့ ပြည်နယ်မှူး လက်မှတ်ယူရအုံးမယ် သူအိမ်ခဏပြန်နေလို့ ခဏစောင့်တဲ့။ ကြည့်လိုက်တော့ နေ့လည် ၃နာရီ။ ထိုင်စောင့်နေ တုန်းက သူ့ကား ဖြတ်မောင်းသွားတာ တွေ့လိုက်တယ် (သူကတော့ကိုယ့်ကိုမသိ)။

သူ့အိမ်က ဘယ်နားမှာလည်း ဆိုတော့ ကြည့်လိုက်တော့ ရုံးနဲ့တစ်ဝန်းထဲ လက်ရှိ နေရာကနေ ခြေလှမ်း ၃၀ လှမ်းလောက်ပဲ ရှိမယ်။ အဲဒါကို ကားနဲ့ အသွားအပြန် ။ ပြည်နယ်မှူး လက်မှတ်ယူတာတော့ မကြာဘူး (ကိုယ့်နာမည်ကို တွေ့လိုက်လို့လားမသိ) စာရွက် မထွက်ခင်ကာလနဲ့ အိမ်ခဏ ပြန်တဲ့ကာလက စောင့်ရတာကြာ တယ်။

စာရွက်တစ်ရွက် လေးထုတ် ဖို့တောင် အဲဒီလောက်ကြာရင် အမှုတစ်မှုလုံး၊ တစ်မြို့နယ်စာအမှု၊ တစ်ပြည်နယ်စာ အမှုစစ်နေရရင် မြေယာအမှု တစ်မှုစစ်ရင် ၅နှစ် လောက်ကြာရတဲ့ အကြောင်းအရင်းကို သိရပါပြီ။ SNLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံစံအေး သည် ဌာနဆိုင်ရာ ရုံးတစ်ခုတွင် သူတွေ့ကြုံ ခံစားခဲ့ရပုံအား သူ၏ ဖေ့စ်ဖွခ် စာမျက်နှာတွင် ပြည်သူသို့ တင်ပြထားချက်အား ပြန်လည်မျှဝေပါသည်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *