တောင်ကြီးမြို့တွင် မှို ကြက်သားနဲ့ ကိုကာကိုလာ ချက်ပြုတ် စားသုံးရာမှ အစာအဆိပ်သင့်ပြီး အမျိုးသမီးနှစ်ဦး သေဆုံး

တောင်ကြီးမြို့တွင် မှို ကြက်သားနဲ့ ကိုကာကိုလာ ချက်ပြုတ် စားသုံးရာမှ အစာအဆိပ်သင့်ပြီး အမျိုးသမီးနှစ်ဦး သေဆုံး

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ ဇွန်လ နောက်ဆုံးပါတ်အတွင်းက မှိုဟင်း၊ ကြက်သားနဲ့ ကိုကာကိုလာ ချက်ပြုတ်စားသုံးရာမှ အစာအဆိပ်သင့်ပြီး အမျိုးသမီးနှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထံမှ သိရပါတယ်။

အဆိုပါ နေအိမ်ရှိ မိသားစုဝင်တွေက ဇွန်လ ၂၂ ရက်ခန့်က ရွှေဘုန်းပွင့် တောင်ပေါ်သို့ သွားရောက်ရာမှ မှိုတွေတွေ့ရှိတဲ့အတွက် နေအိမ်သို့ ယူဆောင်လာကာ နေ့လည်စာ ချက်ပြုတ်စားသုံးခဲ့ပြီး ညနေစာအဖြစ် ကြက်သားနဲ့ ကိုကာကိုလာ အချိုရည်ကို တွဲဖက်ကာ ချက်ပြုတ် စားသုံးခဲ့ကြတယ်လို့ သိရပါတယ်။

“ ကျွန်တော် သိရသလောက်က စဖြစ်တဲ့ နေ့ပိုင်း အချိန်ကတော့ ဘာမှ လက္ခဏာ မပြဘူးလို့ ပြောတယ်။ ညရောက်မှ ကြက်သားနဲ့ ကိုကာကိုလာ ချက်စားပြီး မိနစ် ၃၀ လောက်နေတော့ ဗိုက်နာလာတယ်။ ဝမ်းတွေသွားကြတယ်။ အော့အန်လာကြတယ်။ ဆေးရုံမှာတစ်ပါတ်လောက် ကြာပြီးတော့ သူ့အမေက စပြီးတော့ ဆုံးတယ်။ သုံးရက်နေတော့ သူ့အမေကို သဂြိုလ်မယ့် ရက်မှာ သူ့သမီးက ထပ်ပြီးတော့ ဆုံးတယ်။ သူ့သမီးကိုတော့ မနေ့က သဂြိုလ်တယ်လို့တော့ သိရပါတယ်” လို့ သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

သေဆုံးသူနှစ်ဦးမှာ အသက် (၇၀) ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးနဲ့ အသက် (၄၀) ကျော်အရွယ်ရှိ အမျိုးသမီးတို့ ဖြစ်ပြီး သေဆုံးသူတွေကို တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံ သုဿန်သို့ ပို့ဆောင် သဂြိုလ်ထားတယ်လို့လည်း သိရပါတယ်။Crd ; ရွှေတြိဂံဒေသ သတင်းလွှာ

Unicode … တောင်ကြီးမြို့တွင် မ ကြက်သားနဲ့ ကိုကာကိုလာ ချက်ပြုတ် စားသုံးရာမ အစာအဆိပ်သင့်ပြီး အမျိုးသမီးနစ်ဦး သေဆုံး

ရမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရ နေအိမ်တစ်အိမ်မာ ဇွန်လ နောက်ဆုံးပါတ်အတွင်းက မဟင်း၊ ကြက်သားနဲ့ ကိုကာကိုလာ ချက်ပြုတ်စားသုံးရာမ အစာအဆိပ်သင့်ပြီး အမျိုးသမီးနစ်ဦး သေဆုံးမ ဖြစ်ပွားခဲ့ကြောင်း သစ်တောရပ်ကွက်အုပ်ချုပ်ရေးမးရုံး ထံမ သိရပါတယ်။

အဆိုပါ နေအိမ်ရ မိသားစုဝင်တွေက ဇွန်လ ၂၂ ရက်ခန့်က ရွဘုန်းပွင့် တောင်ပေါ်သို့ သွားရောက်ရာမ မတွေတွေ့ရတဲ့အတွက် နေအိမ်သို့ ယူဆောင်လာကာ နေ့လည်စာ ချက်ပြုတ်စားသုံးခဲ့ပြီး ညနေစာအဖြစ် ကြက်သားနဲ့ ကိုကာကိုလာ အချိုရည်ကို တွဲဖက်ကာ ချက်ပြုတ် စားသုံးခဲ့ကြတယ်လို့ သိရပါတယ်။

“ ကျွန်တော် သိရသလောက်က စဖြစ်တဲ့ နေ့ပိုင်း အချိန်ကတော့ ဘာမ လက္ခဏာ မပြဘူးလို့ ပြောတယ်။ ညရောက်မ ကြက်သားနဲ့ ကိုကာကိုလာ ချက်စားပြီး မိနစ် ၃၀ လောက်နေတော့ ဗိုက်နာလာတယ်။ ဝမ်းတွေသွားကြတယ်။ အော့အန်လာကြတယ်။ ဆေးရုံမာတစ်ပါတ်လောက် ကြာပြီးတော့ သူ့အမေက စပြီးတော့ ဆုံးတယ်။ သုံးရက်နေတော့ သူ့အမေကို သဂြိုလ်မယ့် ရက်မာ သူ့သမီးက ထပ်ပြီးတော့ ဆုံးတယ်။ သူ့သမီးကိုတော့ မနေ့က သဂြိုလ်တယ်လို့တော့ သိရပါတယ်” လို့ သစ်တောရပ်ကွက် အုပ်ချုပ်ရေးမးရုံးမ တာဝန်ရသူတစ်ဦးက ရွတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

သေဆုံးသူနစ်ဦးမာ အသက် (၇၀) ကျော်အရွယ်ရ အမျိုးသမီးတစ်ဦးနဲ့ အသက် (၄၀) ကျော်အရွယ်ရ အမျိုးသမီးတို့ ဖြစ်ပြီး သေဆုံးသူတွေကို တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံ သုဿန်သို့ ပို့ဆောင် သဂြိုလ်ထားတယ်လို့လည်း သိရပါတယ်။Crd ; ရွတြိဂံဒေသ သတင်းလွ

Add a Comment

Your email address will not be published. Required fields are marked *