အင်းရေလျော့ကျသွားမှုကြောင့် ရေမြုပ်ပြီး ပျက်စီးနေသည့် စံကားမြို့ဟောင်းရှိ တာရိုး အစိတ်အပိုင်းများ ပြန်လည်ပေါ်ထွက်လာ
အင်းရေလျော့ကျသွားမှုကြောင့် ရေမြုပ်ပြီး ပျက်စီးနေသည့် စံကားမြို့ဟောင်းရှိ တာရိုး အစိတ်အပိုင်းများ ပြန်လည်ပေါ်ထွက်လာ
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့၏ တောင်ဘက်ခြမ်းရှိ စံကားမြို့ဟောင်းမှ ဒေသအခေါ် တာရိုး (သို့မဟုတ်) ရေသွယ်မြောင်း အုတ်တံတိုင်းသည် ယခင်က ရေများ ဖုံးလွမ်းနေပေမယ့် ယခု အင်းရေ လျော့ကျမှုကြောင့် ပျက်စီးနေသည့် တာရိုးအစိတ်အပိုင်းများလည်း ပြန်လည်ပေါ်ထွက် လာကြောင်း သိရပါ သည်။
ပြန်လည် ပေါ်ထွက်လာသည့် တာရိုးအစိတ် အပိုင်းများကို စိတ်ဝင်တစား လာရောက်လေ့လာသူများနှင့် အလှဓါတ်ပုံ လာရောက်ရိုက်ကူးကြသူများ ရှိနေကြောင်း သိရပါသည်။ အဆိုပါ တာရိုးသို့ ရောက်ရှိလာသည့် သမိုင်းလေ့လာ သူများကို စံကားမြို့မှ ဒေသခံများက လိုက်လံပို့ဆောင်ပြီး ရှင်းပြပေးလျက် ရှိကြောင်း သိရပါသည်။
စံကားမြို့ကို ကျိုင်းဟိုင်းစော်ဘွား “စဝ်ပြားစဲ”ညီတော် “ စဝ်ပြားလဲ ”မှ နောက်ပါ ယွန်းရှမ်း လူမျိုးများဖြင့် မြန်မာသက္ကရာဇ် (၈၄၁) ခု၊ ခရစ်နှစ် (၁၄၇၆) ခုက လွယ်နွဲ့ဘုရားကုန်း အရှေ့မြောက် အရပ်တွင် (ပန်လုံမြို့) ဟုသတ်မှတ်ပြီး မြို့တည်ကာ အုပ်ချုပ်စိုးစံခဲ့ကြောင်း သိရပါသည်။
ကျိုင်းဟိုင်း ကလာသည့် ယွန်းမင်း က စံကားကို စတင်အုပ်ချုပ်ချိန်မှာ မြို့၏အနောက်ဘက်ခြမ်းမှာရှိသည့် လယ်ကွင်းတွေကို ရေပေးဝေရန် တာရိုး ( ခေါ် ) ရေသွယ်မြောင်း ဆောက်လုပ်ပြီး “ လိန်လမ် ” ရေထွက်ကနေ ရေသွယ်တန်း ပေးခဲ့ခြင်းဖြစ်ကြောင်း စံကားစော်ဘွား၏ သမီးတော် တစ်ဦးဖြစ်သည့် စဝ်သန်းကြည်၏ ပြောပြချက်အရ သိရပါသည်။
စံကားမြို့ဟောင်းသည် သမိုင်း သုတေတီများအတွက် လေ့လာလို့ အကောင်းဆုံးနေရာထဲက တစ်ခုဖြစ်ပြီး ယွန်းရှမ်းများ၏ ရှေးဟောင်းလက်ရာများ၊ မြို့ရိုး၊ ရေပြင်ပေါ် ထိုးထွက်နေသည့် စေတီပုထိုးများနှင့် သမိုင်းဝင် တာခေါင်မွေတော် ဘုရားများကိုလည်း လေ့လာနိုင်မည် ဖြစ်ကြောင်း သိရပါသည်။ Credit : Sai Num Hpa
Unicode … အင်းရေလျော့ကျသွားမကြောင့် ရေမြုပ်ပြီး ပျက်စီးနေသည့် စံကားမြို့ဟောင်းရ တာရိုး အစိတ်အပိုင်းများ ပြန်လည်ပေါ်ထွက်လာ
ရမ်းပြည်နယ်တောင်ပိုင်း ညောင်ရွမြို့၏ တောင်ဘက်ခြမ်းရ စံကားမြို့ဟောင်းမ ဒေသအခေါ် တာရိုး (သို့မဟုတ်) ရေသွယ်မြောင်း အုတ်တံတိုင်းသည် ယခင်က ရေများ ဖုံးလွမ်းနေပေမယ့် ယခု အင်းရေ လျော့ကျမကြောင့် ပျက်စီးနေသည့် တာရိုးအစိတ်အပိုင်းများလည်း ပြန်လည်ပေါ်ထွက် လာကြောင်း သိရပါ သည်။
ပြန်လည် ပေါ်ထွက်လာသည့် တာရိုးအစိတ် အပိုင်းများကို စိတ်ဝင်တစား လာရောက်လေ့လာသူများနင့် အလဓါတ်ပုံ လာရောက်ရိုက်ကူးကြသူများ ရနေကြောင်း သိရပါသည်။ အဆိုပါ တာရိုးသို့ ရောက်ရလာသည့် သမိုင်းလေ့လာ သူများကို စံကားမြို့မ ဒေသခံများက လိုက်လံပို့ဆောင်ပြီး ရင်းပြပေးလျက် ရကြောင်း သိရပါသည်။
စံကားမြို့ကို ကျိုင်းဟိုင်းစော်ဘွား “စဝ်ပြားစဲ”ညီတော် “ စဝ်ပြားလဲ ”မ နောက်ပါ ယွန်းရမ်း လူမျိုးများဖြင့် မြန်မာသက္ကရာဇ် (၈၄၁) ခု၊ ခရစ်နှစ် (၁၄၇၆) ခုက လွယ်နွဲ့ဘုရားကုန်း အရမြောက် အရပ်တွင် (ပန်လုံမြို့) ဟုသတ်မတ်ပြီး မြို့တည်ကာ အုပ်ချုပ်စိုးစံခဲ့ကြောင်း သိရပါသည်။
ကျိုင်းဟိုင်း ကလာသည့် ယွန်းမင်း က စံကားကို စတင်အုပ်ချုပ်ချိန်မာ မြို့၏အနောက်ဘက်ခြမ်းမရသည့် လယ်ကွင်းတွေကို ရေပေးဝေရန် တာရိုး ( ခေါ် ) ရေသွယ်မြောင်း ဆောက်လုပ်ပြီး “ လိန်လမ် ” ရေထွက်ကနေ ရေသွယ်တန်း ပေးခဲ့ခြင်းဖြစ်ကြောင်း စံကားစော်ဘွား၏ သမီးတော် တစ်ဦးဖြစ်သည့် စဝ်သန်းကြည်၏ ပြောပြချက်အရ သိရပါသည်။
၁၉၇၃ ခုနစ်က မိုးဗြဲဆည် တည်ဆောက်လိုက်ခြင်းကြောင့် ရမ်းစော်ဘွားများ အုပ်ချုပ်လာခဲ့သည့် စံကားမြို့သည် ရေမြုပ်သွားကာ ယခုချိန်မ ကျေးရွာအဖြစ်သာ ကျန်ရတော့ကြောင်း သိရပါသည်။ တာရိုး ( ခေါ် ) ရေသွယ်မြောင်းအုတ်တံတိုင်းလည်း ရေမြုပ်သွားပြီး ပျက်စီးသွားခဲ့ကြောင်း သိရပါသည်။
ယခု ရေလျော့ကျသွား ခဲ့သည့်အတွက်ကြောင့် တာရိုး ပြန်ပေါ်လာကာ တချို့နေရာတွင် ပျက်စီးနေပြီ ဖြစ်ကြောင်း သိရပါသည်။တာရိုးကို မြေသားနင့် ဆောက်လုပ် ထားခြင်းဖြစ်ပြီး အမြင့်ပေ (၂၀) ခန့်ရကာ အရည် (၁) မိုင်ခွဲခန့် ရကြောင်း သိရပါသည်။ ယခုအခါ ၎င်း တာရိုးသည် အသုံးပြုလို့ မရတော့ပေမယ့် ခရီးသွားဧည့်သည်များ ၏ စိတ်ဝင်တစား လာရောက် လေ့လာစရာ နေရာတစ်ခု အဖြစ် တည်ရနေကြောင်း သိရပါသည်။
စံကားမြို့ဟောင်းသည် သမိုင်း သုတေတီများအတွက် လေ့လာလို့ အကောင်းဆုံးနေရာထဲက တစ်ခုဖြစ်ပြီး ယွန်းရမ်းများ၏ ရးဟောင်းလက်ရာများ၊ မြို့ရိုး၊ ရေပြင်ပေါ် ထိုးထွက်နေသည့် စေတီပုထိုးများနင့် သမိုင်းဝင် တာခေါင်မွေတော် ဘုရားများကိုလည်း လေ့လာနိုင်မည် ဖြစ်ကြောင်း သိရပါသည်။ Credit : Sai Num Hpa
Add a Comment
Your email address will not be published. Required fields are marked *