တာချီလိတ်မြို့မှ Covid-19 လူနာအမှတ် ၉၆ တွင် ရောဂါပျောက်ကင်းပြီး တစ်လကျော်အကြာတွင် ရာဂါပိုးပြန်တွေ့

တာချီလိတ်မြို့မှ Covid-19 လူနာအမှတ် ၉၆ တွင် ရောဂါပျောက်ကင်းပြီး တစ်လကျော်အကြာတွင် ရာဂါပိုးပြန်တွေ့

တာချီလိတ်မြို့က ပထမဆုံး Covid-19 အတည်ပြုလူနာ case – 96 မှာ ရောဂါ ပျောက်ကင်းပြီးနောက် တစ်လကျော်အကြာတွင် ရောဂါပိုး ပြန်တွေ့ရှိရပါတယ်။ ပထမဆုံး လူနာဖြစ်တဲ့ ရန်ကုန်က ပြန်လာတဲ့ ခွဲစိတ် ဆရာဝန်ဟာ ရန်ကုန်ကို ပြန်ဖို့ ပြန်လည် ဆေးစစ်တဲ့နေရာမှာ ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တာချီလိတ်က ပထမဆုံး Covid-19 အတည်ပြုလူနာမှာ မေလ ၂၀ ရက်မှာ ကျိုင်းတုံဆေးရုံက ရောဂါ ပျောက်ကင်းကြောင်း ယူဆလို့ ဆင်းခွင့်ပြုခဲ့တာ ဖြစ်ခဲ့ပြီး ဇွန်လ ၃၀ ရက်က ဆေးစစ်အဖြေမှာ Covid-19 ရောဂါပိုး ပြန်တွေ့ကြောင်း အဖြေထွက်ခဲ့ခြင်း ဖြစ်ပါတယ်။

“ ပုံမှန်ဆိုရင်တော့ ပြန်စစ်ရတာမရှိဘူး။ ဒါပေမယ့် သူက ရန်ကုန်ပြန်မယ်ဆို‌တော့ စိတ်ချရအောင် ပြန်စစ်လိုက်တာမှာ ပိုးပြန်တွေ့ တာ ” လို့ ရှမ်းအရှေ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ သူနဲ့ ထိတွေ့သူများကို လိုက်လံ စုံစမ်းနေကြောင်းသိရပြီး ဆေးရုံပြန်လည် တက်ရောက်ပြီး ကုသရမယ်လို့လဲ သိရပါတယ် ။ အခုလို ရောဂါပိုးပျောက်ကင်းလို့ ဆင်းရုံက ဆင်းရပြီးနောက် ရောဂါပိုး ပြန်လည်တွေ့ရှိမှုဟာ ပထမဆုံး ဖြစ်ပါတယ်။ Credit ; DVB TV

Unicode … တာချီလိတ်မြို့မ Covid-19 လူနာအမတ် ၉၆ တွင် ရောဂါပျောက်ကင်းပြီး တစ်လကျော်အကြာတွင် ရာဂါပိုးပြန်တွေ့

တာချီလိတ်မြို့က ပထမဆုံး Covid-19 အတည်ပြုလူနာ case – 96 မာ ရောဂါ ပျောက်ကင်းပြီးနောက် တစ်လကျော်အကြာတွင် ရောဂါပိုး ပြန်တွေ့ရရပါတယ်။ ပထမဆုံး လူနာဖြစ်တဲ့ ရန်ကုန်က ပြန်လာတဲ့ ခွဲစိတ် ဆရာဝန်ဟာ ရန်ကုန်ကို ပြန်ဖို့ ပြန်လည် ဆေးစစ်တဲ့နေရာမာ ပိုးတွေ့ရခဲ့တာ ဖြစ်ပါတယ်။

တာချီလိတ်က ပထမဆုံး Covid-19 အတည်ပြုလူနာမာ မေလ ၂၀ ရက်မာ ကျိုင်းတုံဆေးရုံက ရောဂါ ပျောက်ကင်းကြောင်း ယူဆလို့ ဆင်းခွင့်ပြုခဲ့တာ ဖြစ်ခဲ့ပြီး ဇွန်လ ၃၀ ရက်က ဆေးစစ်အဖြေမာ Covid-19 ရောဂါပိုး ပြန်တွေ့ကြောင်း အဖြေထွက်ခဲ့ခြင်း ဖြစ်ပါတယ်။

“ ပုံမန်ဆိုရင်တော့ ပြန်စစ်ရတာမရဘူး။ ဒါပေမယ့် သူက ရန်ကုန်ပြန်မယ်ဆို‌တော့ စိတ်ချရအောင် ပြန်စစ်လိုက်တာမာ ပိုးပြန်တွေ့ တာ ” လို့ ရမ်းအရ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမ တာဝန်ရသူတစ်ဦးက ပြောပါတယ်။

လက်ရမာ သူနဲ့ ထိတွေ့သူများကို လိုက်လံ စုံစမ်းနေကြောင်းသိရပြီး ဆေးရုံပြန်လည် တက်ရောက်ပြီး ကုသရမယ်လို့လဲ သိရပါတယ် ။ အခုလို ရောဂါပိုးပျောက်ကင်းလို့ ဆင်းရုံက ဆင်းရပြီးနောက် ရောဂါပိုး ပြန်လည်တွေ့ရမဟာ ပထမဆုံး ဖြစ်ပါတယ်။ Credit ; DVB TV

Add a Comment

Your email address will not be published. Required fields are marked *