ရတနာပုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ တောင်းဆိုချက်အတိုင်း တောင်းပန်စကားဆိုလိုက်တဲ့ တေးသံရှင် မနော

ရတနာပုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ တောင်းဆိုချက်အတိုင်း တောင်းပန်စကားဆိုလိုက်တဲ့ တေးသံရှင် မနော

မင်္ဂလာပါ … လူပျို သီချင်း MTV နှင့် ပက်သတ်ပြီး ကျနော် တောင်းပန်ပါ့မယ်ခင်ဗျာ… အခုလို လမ်းအမှန်ကိုထောက်ပြပေးတဲ့ ညီလေး ညီမလေးများကို ကျေးဇူးတင်ပါတယ် … ဒီလူပျိုသီချင်းလေးဟာ ကြည့်ရှု့သူများ ပျော်ရွှင်စေချင် ရယ်မောစေချင်တဲ့ ဆန္ဒတစ်ခုတည်းနှင့်သာ ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေအောင် ရည်ရွယ်ပြီး မပြုလုပ်ခဲ့ပါ ။ ရတနာပုံ တက္ကသိုလ်ကြီးနှင့် ကျောင်းသား ကျောင်းသူလေးများ ဆရာ ဆရာမများအားလုံး ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့လျှင်အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျ ။

တောင်းပန်ရသည့် ရည်ရွယ်ချက်များမှာ

၁။ အနုပညာအလုပ်ကိုလုပ်သူ (သို့) ထင်ပေါ်ကျော်ကြားသူ တစ်ဦးဟာ အရာရာ သတိထားရပါမယ် ။ မိမိကြောင့် လူငယ်လူရွယ်လေးများ မသိအမြင် မမှားစေချင်သော ဆန္ဒ အတုမြင် အတတ်သင် မပြုစေချင်သောဆန္ဒ နှင့် ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုသော ဆန္ဒ

၂။ ကျနော် ကိုးကွယ် ဆည်းကပ်သော ဆရာတော်များ မိဘ ညီအစ်ကို မောင်နှမ ဆရာ ဆရာမများ မိတ်ဆွေများနှင့် သူငယ်ချင်းကောင်းများ အစုံစုံကို လေးစားတန်ဖိုးထားခြင်း ဆုံးမသွန်သင်မှုညံ့သည်ဟု အထင်ခံရ၍ ထိုသူများ၏ ဂုဏ်သိက္ခာကို ကျနော်ကြောင့်မထိခိုက်စေလိုပါ ။

၃။ ကျနော့်ရဲ့ တေးချစ်သူ ပရိသတ်များ စိတ်သောက မရောက်စေချင်ပါ ကျနော့်ကိုချစ်သူခင်သူများက ထိုသူများကိုဆဲ ထိုသူများဘက်မှ ပြန်ဆဲနဲ့ ကျနော်က ထိုသူတွေကို အကုသိုလ် ပေးနေရာရောက်ပါတယ်ခင်ဗျာ ။

၎။ ကျနော့်မှာ နေ့စဉ် ရဟန်းသံဃာများကို ဝေယျာဝစ္စ ပြုလုပ်ပြီး ဆွမ်းခံရင်း လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို မေတ္တာပို့ပါတယ်။ မိသားစုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းရင်း လူဘဝအချိန်တွေကို တန်ဖိုးရှိစွာ ဗနထိုင်သွားရမှာ ဖြစ်ပါတယ် ။

ဒါကြောင့် ကျနော့်ရဲ့ အမှားကို ပြုပြင်ပေးသည့် ညီလေး ညီမလေးများ ကျေနပ်သည်အထိ တောင်းပန်ပါ့မယ် ။ ဒီကျနော့်ရဲ့ မနော Manaaw Like Page မှတောင်းပန်တာ အားရကျေနပ်မှုမရှိသေးလျှင် ကိုယ်တိုင်လာရောက်တောင်းပန်ဆိုလည်း ကျနော် တောင်းပန်ပါ့မယ်ခင်ဗျား… အားလုံးသာယာချမ်းမြေ့ပါစေ … မနော” ဆိုပြီး သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တောင်းပန်စကားဆိုလိုက်ကြောင်းရေးသားမှုအား တွေ့ရှိရပါသည်။ Crd : မနော Manaaw

Add a Comment

Your email address will not be published. Required fields are marked *