ဖားကန့်မြေပြိုမှုတွင် သေဆုံးသူ ရုပ်အလောင်းများ ၁၁၃ လောင်း ထိရှာဖွေ တွေ့ရှိထား
|ဖားကန့်မြေပြိုမှုတွင် သေဆုံးသူ ရုပ်အလောင်းများ ၁၁၃ လောင်း ထိရှာဖွေ တွေ့ရှိထား
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှာ မိုးရွာသွန်းပြီး မြေပြိုကျခဲ့ရာမှာ ဒီနေ့ မွန်းတည့် ၁၂ နာရီ ကျော်လောက်အထိ သေဆုံးသူ ၁၁၃ ဦးရှိသွားပြီလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
မနက် ၁၀ နာရီလောက်အထိ သေဆုံးသူ ၅၀ ဦး၊ မနက် ၁၁ နာရီ ကျော်မှာ သေဆုံးသူ ၄၇ ဦးနဲ့ မွန်းတည့် ၁၂ နာရီ ကျော်မှာ သေဆုံးသူ ၂၆ ဦး၊ စုစုပေါင်း (၁၁၃) ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက် ၈ နာရီလောက်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းမှာ ရေမဆေးသမားတွေက ရေမဆေးကျောက်ဝင်ရောက် တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျခဲ့တာပါ။
မြေပြိုကျမှုကြောင့် နွံလှိုင်းရိုက်ခတ်မှု ဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေတွေ နွံနစ်နေတဲ့ သတင်းရရှိလို့ သက်ဆိုင်ရာနဲ့ မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်ဆယ် နေတာဖြစ်ပြီး သေဆုံးသူ ထပ်တိုးလာဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ Source ; DVB
Unicode … ဖားကန့်မြေပြိုမတွင် သေဆုံးသူ ရုပ်အလောင်းများ ၁၁၃ လောင်း ထိရာဖွေ တွေ့ရထား
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမ မိုးရွာသွန်းပြီး မြေပြိုကျခဲ့ရာမာ ဒီနေ့ မွန်းတည့် ၁၂ နာရီ ကျော်လောက်အထိ သေဆုံးသူ ၁၁၃ ဦးရသွားပြီလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
မနက် ၁၀ နာရီလောက်အထိ သေဆုံးသူ ၅၀ ဦး၊ မနက် ၁၁ နာရီ ကျော်မာ သေဆုံးသူ ၄၇ ဦးနဲ့ မွန်းတည့် ၁၂ နာရီ ကျော်မာ သေဆုံးသူ ၂၆ ဦး၊ စုစုပေါင်း (၁၁၃) ဦးရဲ့ ရုပ်အလောင်းတွေ ရာဖွေတွေ့ရခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက် ၈ နာရီလောက်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွကြည်၊ ရတနာဆန်းရွင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းမ ရေမဆေးသမားတွေက ရေမဆေးကျောက်ဝင်ရောက် တူးဖော်နေစဉ် မိုးရွာသွန်းမကြောင့် မြေပြိုကျခဲ့တာပါ။
မြေပြိုကျမကြောင့် နွံလင်းရိုက်ခတ်မ ဖြစ်ပွားပြီး ရေမဆေးကျောက်ရာဖွေတွေ နွံနစ်နေတဲ့ သတင်းရရလို့ သက်ဆိုင်ရာနဲ့ မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်ဆယ် နေတာဖြစ်ပြီး သေဆုံးသူ ထပ်တိုးလာဖွယ် ရနေတယ်လို့လည်း သိရပါတယ်။ Source ; DVB