တရုတ် အပလီကေးရှင်းတွေကို ပိတ်ပင်ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကလည်း ၎င်း၏ Weibo အကောင့်ကို ဖျက်သိမ်း

တရုတ် အပလီကေးရှင်းတွေကို ပိတ်ပင်ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကလည်း ၎င်း၏ Weibo အကောင့်ကို ဖျက်သိမ်း

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီဟာ တရုတ်ရဲ့ တွစ်တာပုံစံ လူမှုကွန်ရက် Sina Weibo မှာ ဖွင့်ထားတဲ့ သူရဲ့ အကောင့်ကို ဖျက်သိမ်း လိုက်ပြီဖြစ်တယ်လို့ အိန္ဒိယ အစိုးရ သတင်းရင်းမြစ် တစ်ခုနဲ့ Weibo ကုမ္ပဏီတို့က ပြောဆိုပါတယ်။ နယ်စပ်မှာ နှစ်ဖက်တပ်တွေ ပဋိပက္ခ ဖြစ်ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က တရုတ်ပြည် ခရီးစဉ်အတွင်း Weibo မှာ ပထမဆုံးအကြိမ် ပို့စ်တင်ခဲ့တဲ့ မိုဒီဟာ တရုတ် ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ ပြတ်တောင်းပြတ်တောင်း အသုံးပြုသူတစ်ဦး ဖြစ်ခဲ့ ပါတယ်။ အကောင့် မပိတ်ခင် သူ့မှာ follower ၂၀၀၀၀၀ နဲ့ ပို့စ်ပေါင်း ၁၀၀ ခန့် ရှိခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ အကောင့် ပိတ်သွားပြီ ဖြစ်ကြောင်း Sina Weibo က ကြေညာခဲ့ပါတယ်။ နှစ်နိုင်ငံအကြား နယ်စပ်တပ်တွေ တိုက်ခိုက်မှု ပေါ်ပေါက်အပြီးမှာ အိန္ဒိယက Sina Weibo နဲ့ ByteDance တို့ရဲ့ Tiktok အပါ အဝင် တရုတ် အပလီကေးရှင်း ဒါဇင်ချီကို ပိတ်ပင်ခဲ့ပါတယ်။

ယင်းသို့ ပိတ်ပင်အပြီး ရက်ပိုင်း အကြာမှာ မိုဒီရဲ့ အကောင့်ကို ပယ်ဖျက် လိုက်တာလည်း ဖြစ်ပါတယ်။ Weibo အကောင့် အသုံးပြုတဲ့ လက်တစ်ဆုပ်စာ ပြည်ပ ခေါင်း ဆောင်တွေထဲမှာ မိုဒီလည်း ပါဝင်တာ ဖြစ်ပါတယ်။ Ref ; Akon Thi

Unicode … တရုတ် အပလီကေးရင်းတွေကို ပိတ်ပင်ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကလည်း ၎င်း၏ Weibo အကောင့်ကို ဖျက်သိမ်း

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီဟာ တရုတ်ရဲ့ တွစ်တာပုံစံ လူမကွန်ရက် Sina Weibo မာ ဖွင့်ထားတဲ့ သူရဲ့ အကောင့်ကို ဖျက်သိမ်း လိုက်ပြီဖြစ်တယ်လို့ အိန္ဒိယ အစိုးရ သတင်းရင်းမြစ် တစ်ခုနဲ့ Weibo ကုမ္ပဏီတို့က ပြောဆိုပါတယ်။ နယ်စပ်မာ နစ်ဖက်တပ်တွေ ပဋိပက္ခ ဖြစ်ပြီးနောက် နစ်နိုင်ငံအကြား တင်းမာမတွေ ဆက်ရနေတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနစ်က တရုတ်ပြည် ခရီးစဉ်အတွင်း Weibo မာ ပထမဆုံးအကြိမ် ပို့စ်တင်ခဲ့တဲ့ မိုဒီဟာ တရုတ် ဆိုရယ်မီဒီယာ ပလက်ဖောင်းမာ ပြတ်တောင်းပြတ်တောင်း အသုံးပြုသူတစ်ဦး ဖြစ်ခဲ့ ပါတယ်။ အကောင့် မပိတ်ခင် သူ့မာ follower ၂၀၀၀၀၀ နဲ့ ပို့စ်ပေါင်း ၁၀၀ ခန့် ရခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်းမာ အကောင့် ပိတ်သွားပြီ ဖြစ်ကြောင်း Sina Weibo က ကြေညာခဲ့ပါတယ်။ နစ်နိုင်ငံအကြား နယ်စပ်တပ်တွေ တိုက်ခိုက်မ ပေါ်ပေါက်အပြီးမာ အိန္ဒိယက Sina Weibo နဲ့ ByteDance တို့ရဲ့ Tiktok အပါ အဝင် တရုတ် အပလီကေးရင်း ဒါဇင်ချီကို ပိတ်ပင်ခဲ့ပါတယ်။

ယင်းသို့ ပိတ်ပင်အပြီး ရက်ပိုင်း အကြာမာ မိုဒီရဲ့ အကောင့်ကို ပယ်ဖျက် လိုက်တာလည်း ဖြစ်ပါတယ်။ Weibo အကောင့် အသုံးပြုတဲ့ လက်တစ်ဆုပ်စာ ပြည်ပ ခေါင်း ဆောင်တွေထဲမာ မိုဒီလည်း ပါဝင်တာ ဖြစ်ပါတယ်။ Ref ; Akon Thi

Add a Comment

Your email address will not be published. Required fields are marked *