အောင်ဆန်း ရုပ်ရှင်တွင် ဂဠုန်ဦးစော ဇာတ်ရုပ်အတွက် သရုပ်ဆောင်ဆုပန်ထွာ၏ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်အား ရွေးချယ်
|အောင်ဆန်း ရုပ်ရှင်တွင် ဂဠုန်ဦးစော ဇာတ်ရုပ်အတွက် သရုပ်ဆောင်ဆုပန်ထွာ၏ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်အား ရွေးချယ်
သရုပ်ဆောင်၊ ဒါရိုက်တာ လူမင်း ရိုက်ကူးနေသည့် ” အောင်ဆန်း ” ရုပ်ရှင် ဇာတ်ကားတွင် ဂဠုန်ဦးစော ဇာတ်ရုပ်အတွက် စိတ်ပါဝင်စားသူ သရုပ်ဆောင်သစ်များအား ပြီးခဲ့တဲ့ ဇွန်လ (၅) ရက်နေ့က ကြေငြာ ခေါ်ယူခဲ့ပြီး လျှောက်လွှာပေါင်း (၂၉) စောင်ကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုထဲတွင် သရုပ်ဆောင်ဆုပန်ထွာ၏ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော် မှလည်း ပါဝင်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ယနေ့မှာတော့ ” အောင်ဆန်း ” ရုပ်ရှင်တွင် ဂဠုန်ဦးစော ဇာတ်ကောင် နေရာအတွက် ကိုဥက္ကာကျော်အား ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
” အောင်ဆန်း ” ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ် ပါဝင်သရုပ်ဆောင်ရန် ၂၀၂၀ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကြေငြာ ခေါ်ယူခဲ့ရာ Message Box မှသော်လည်းကောင်း၊ စာတိုက်မှသော်လည်း ကောင်း လာရောက်လျှောက်ထားသော လျှောက်လွှာပေါင်း (၂၉) စောင်ကို လက်ခံရရှိခဲ့ပါသည်။
ထိုလျှောက်ထားသူများထဲမှ အသက်အရွယ်၊ အရပ်အမောင်း၊ ရုပ်ရည်ဆင်တူမှု စသည်တို့အပေါ်မူတည်၍ Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးနှင့် ဒါရိုက်တာ လူမင်းတို့မှ စိစစ်ရွေးချယ်ခဲ့ရာ ကိုဥက္ကာကျော် တစ်ဦးတည်းကိုသာ ရွေးချယ်နိုင်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ ကိုဥက္ကာကျော် အား ပထမဆင့် အနေဖြင့် ဂုဏ်ယူစွာ ရွေးချယ် လိုက်ပါသည်။ ဒုတိယအဆင့် အနေဖြင့် လူတွေ့စစ်ဆေးခြင်း၊ သရုပ်ဆောင်မှု စစ်ဆေးခြင်း၊ Character Make-up Test ပြုလုပ်ခြင်းများကို မကြာမီရက်ပိုင်းတွင် လုပ်ဆောင်သွားမည်” ဖြစ်ကြောင်း သိရသည်။
အရပ်အမောင်း အားဖြင့်ရော၊ အသက်အရွယ် ရုပ်ရည်ကအစ ဆင်တူနေတာကြောင့် ဂဠုန်ဦးစောအဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ခင်မင်သူများက ဝိုင်းဝန်းအကြံပေး ခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ ဆုပန်ထွာ၏ ခွင့်ပြုချက်နှင့်အတူ ကိုဥက္ကာကျော်က လျှောက်လွှာတင်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ ဂဠုန်ဦးစော ဇာတ်ရုပ်အတွက် ရွေးချယ်ခံခဲ့ရပါကလည်း အခကြေးငွေမယူပဲ မေတ္တာဖြင့်ကူညီကာ အကောင်းဆုံးသရုပ်ဆောင်သွားမယ် ဆိုတဲ့အကြောင်းကို အင်တာဗျူးတွေမှာဖြေကြားခဲ့ပါတယ်။ Source ; အောင်ဆန်းရုပ်ရှင်