ဖားကန့်က ကုမ္ပဏီတွေဟာ ဒေါ်လာသန်းနဲ့ချီပြီး ရနေပေမဲ့ လူ့အသက် ကာကွယ်ရေး ပြင်ဆင်မှုအားနည်းတယ်လို့ MNHRC ထုတ်ပြန်
|ဖားကန့်က ကုမ္ပဏီတွေဟာ ဒေါ်လာသန်းနဲ့ချီပြီး ရနေပေမဲ့ လူ့အသက် ကာကွယ်ရေး ပြင်ဆင်မှုအားနည်းတယ်လို့ MNHRC ထုတ်ပြန်
ဖားကန့်တွင့် လုပ်ပိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေဟာ ဝင်ငွေဒေါ်လာ သန်းနဲ့ချီပြီး ရနေပေမဲ့ လူတွေရဲ့ အသက်အန္တရာယ် တွေကိုကာကွယ်ရေး ကြိုတင်ပြင်ဆင်မှု အားနည်းတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ ဇူလိုင်လ (၃) ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။
မြေစာပုံ ပြိုကျမှု ဖြစ်ရပ်ဟာ အရင်ကလည်း ရှိခဲ့ပေမဲ့ အခုဖြစ်ရပ်ဟာ အဆိုးဆုံး ဖြစ်ရပ်အဖြစ် မှတ်ယူလို့ ရတယ်လို့လည်း ကော်မရှင်ထုတ်ပြန်ပါတယ်။ ဒါကြောင့် စီးပွားရေး လုပ်ဆောင်တဲ့အခါ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပြင်ဆင်စရာ ရှိတာတွေကို လုပ်ဆောင်ဖို့၊ အခုဖြစ်စဉ်မှာ အသက်ဆုံးရှုံးသွားတဲ့ သူတွေနဲ့ ထိခိုက်နစ်နာ သူတွေကို ပြန်ကုစာပေး သင့်တယ်လို့လည်း ကော်မရှင်က တိုက်တွန်း ထားပါတယ်။
အသက်ဆုံးရှုံး သွားကြသူတွေနဲ့ ပူဆွေးသောက ရောက်နေတဲ့ မိသားစုတွေ နည်းတူ ကြေကွဲဝမ်းနည်းရတယ်လို့ ကော်မရှင်က ဆိုပါတယ်။ ဇူလိုင် (၂) ရက်နေ့က ဖားကန့် ဝှေခါမှော် မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ဒီနေ့ ညနေအထိ အယောက် (၁၈၀) ဝန်းကျင် ရှိသွားပြီလို့ စာရင်းပြုစုနေတဲ့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဆီက သိရပါတယ်။ Source ; O Media
Unicode … ဖားကန့်က ကုမ္ပဏီတွေဟာ ဒေါ်လာသန်းနဲ့ချီပြီး ရနေပေမဲ့ လူ့အသက် ကာကွယ်ရေး ပြင်ဆင်မအားနည်းတယ်လို့ MNHRC ထုတ်ပြန်
ဖားကန့်တွင့် လုပ်ပိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေဟာ ဝင်ငွေဒေါ်လာ သန်းနဲ့ချီပြီး ရနေပေမဲ့ လူတွေရဲ့ အသက်အန္တရာယ် တွေကိုကာကွယ်ရေး ကြိုတင်ပြင်ဆင်မ အားနည်းတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရင်က ဒီနေ့ ဇူလိုင်လ (၃) ရက်နေ့မာ ထုတ်ပြန် လိုက်ပါတယ်။
မြေစာပုံ ပြိုကျမ ဖြစ်ရပ်ဟာ အရင်ကလည်း ရခဲ့ပေမဲ့ အခုဖြစ်ရပ်ဟာ အဆိုးဆုံး ဖြစ်ရပ်အဖြစ် မတ်ယူလို့ ရတယ်လို့လည်း ကော်မရင်ထုတ်ပြန်ပါတယ်။ ဒါကြောင့် စီးပွားရေး လုပ်ဆောင်တဲ့အခါ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပြင်ဆင်စရာ ရတာတွေကို လုပ်ဆောင်ဖို့၊ အခုဖြစ်စဉ်မာ အသက်ဆုံးရးသွားတဲ့ သူတွေနဲ့ ထိခိုက်နစ်နာ သူတွေကို ပြန်ကုစာပေး သင့်တယ်လို့လည်း ကော်မရင်က တိုက်တွန်း ထားပါတယ်။
အသက်ဆုံးရး သွားကြသူတွေနဲ့ ပူဆွေးသောက ရောက်နေတဲ့ မိသားစုတွေ နည်းတူ ကြေကွဲဝမ်းနည်းရတယ်လို့ ကော်မရင်က ဆိုပါတယ်။ ဇူလိုင် (၂) ရက်နေ့က ဖားကန့် ဝခါမာ် မြေစာပုံ ပြိုကျမကြောင့် သေဆုံးသူ အရေအတွက်ဟာ ဒီနေ့ ညနေအထိ အယောက် (၁၈၀) ဝန်းကျင် ရသွားပြီလို့ စာရင်းပြုစုနေတဲ့ ရာဖွေကယ်ဆယ်ရေး အဖွဲ့ဆီက သိရပါတယ်။ Source ; O Media