ရန်ကုန်မြို့လယ်ခေါင်တွင် ဓားထောက်၍ ကားလုမောင်းပြေးသူအား မိနစ်ပိုင်းအတွင်း ဖမ်းဆီးရမိ

ရန်ကုန်မြို့လယ်ခေါင်တွင် ဓားထောက်၍ ကားလုမောင်းပြေးသူအား မိနစ်ပိုင်းအတွင်း ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့တွင် ဓားထောက်၍ ကားလု မောင်းပြေးသူအား မိနစ်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းမှူး ဒုရဲမှူးပိုထွန်းက ပြည်မြန်မာကို ပြောသည်။

ဇူလိုင်လ ၄ ရက် ည ၈ နာရီခွဲခန့်က ကျောတံတားမြို့နယ် ၊ အနော်ရထားလမ်းပေါ် ၃၉ လမ်းနှင့် ဆိမ်ကမ်းသာလမ်းကြားတွင် ကားပါကင်ထိုးနေစဉ် ကျူးလွန်သူ အမျိုးသားက ကားနောက်ခန်း တံခါးကိုဖွင့်၍ ၀င်ရောက်လာပြီး ဓားထောက်ခြိမ်းခြောက်ကာ ကားကိုလု ယူ မောင်းထွက်ပြေးသွားခြင်း ဖြစ်သည်။

ကားလုယူခံရသူက ကျောက်တံတားမြို့နယ် မြို့မရဲစခန်းသို့သွားရောက် တိုင်တန်းခဲ့ရာ မြို့မရဲစခန်းမြို့နယ်မှူး ဦးမျိုးသက်ဦးဆောင်သောရဲတပ်ဖွဲ့မှ Control center ကိုဆက်သွယ်ပြီး ချိတ်ဆက် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းလည်းသိရသည်။

ယင်းချိတ်ဆက်မှုကြောင့် အဆိုပါ ကျူးလွန်သူ မောင်းနှင်နေသော ကားလမ်းကြောင်းကို သိရှိခဲ့ရခြင်း ဖြစ်ကြောင်း၊ ၄င်းသည် အနော်ရလမ်းမှ ဆူးလေဘုရားလမ်း၊ ဆူးလေဘုရားလမ်းမှ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်လမ်းမှ မှတစ်ဆင့် ဗိုလ်အောင်လမ်းအတိုင်း မောင်းထွက် ပြေးခြင်းဖြစ်ပြီး ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက် အရောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

” ကားကိုလုပြီး မောင်ထွက်သွားတော့ ကျွန်မအမျိုးသားက သူ့အ သိ တက္ကဆီ သမားတွေနဲ့ အနောက် ကလိုက်တယ်။ ရဲကားတွေကလည်း အနော်ရထားလမ်းအတိုင်း လမ်းပြောင်းပြန် မောင်ပြီး လိုက်ဖမ်းတာ နာရီဝက်လောက် အတွင်းမှာ ဖမ်းမိသွားပါတယ် ” ဟု ကာယကံရှင်၏ အမျိုးသမီးက ပြောသည်။

ယင်းဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ အသက် ၃၂ အရွယ် အမျိုးသားသည် ဆေးကြောင်နေသည့် လက္ခဏာရှိသောကြောင့် ၄င်းနေထိုင်ရာ ၃၉ လမ်း အထက်ဘလောက်ရှိ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ ဆေးပြား ၁၀ ပြား သိမ်းဆီး ရမိကြောင်း ၊ ၄င်းအား မိသားစုဝင်များမှ နေအိမ်တွင် တစ်ယောက်တည်း ထားခဲ့ကြောင်း ဒုရဲမှူး ပိုထွန်းက ပြောသည်။

” အိမ်ပေါ်က ဆင်းသွားတဲ့ သူ့မိန်းမနဲ့ ကလေး နှစ်ယောက်ကို လိုက်ရှာချင်လို့ ကားယူတာလို့ ပြောတယ်။ ကားပေါ်မှာပါတဲ့ ပိုက်ဆံအိတ်တို့ ဖုန်းတို့ကို ဘာမှ မယူသွားဘူး။ ကျွန်မ အမျိုးသားလည်း ဘာမှ ထိခိုက်မှု မရှိခဲ့ဘူး။ ကားလည်း ဘာမှမဖြစ်ခဲ့ပါဘူး” ဟု ကာယကံရှင်၏ အမျိုးသမီးကပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကားလုယူ မောင်းပြေးသူအား ကာယကံရှင်ဘက်မှ ထိခိုက် ဆုံးရှုံးမှုများ မရှိခဲ့ သောကြောင့် အမှုဖွင့်တိုင်းကြားခြင်း မရှိခဲ့သော်လည်း ၄င်းအား ကျောက်တံတားမြို့မ ရဲစခန်းက မူးယစ် ဆေးပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ Source ; Pyi Myanmmar

Add a Comment

Your email address will not be published. Required fields are marked *