ကမ္ဘာပတ် လမ်းကြောင်းတွင်းသို့ သူလျှိုဂြိုဟ်တု တစ်စင်းလွှတ်တင်လိုက်တဲ့ အစ္စရေး

ကမ္ဘာပတ် လမ်းကြောင်းတွင်းသို့ သူလျှိုဂြိုဟ်တု တစ်စင်းလွှတ်တင်လိုက်တဲ့ အစ္စရေး

အစ္စရေးနိုင်ငံသည် ယနေ့ နံနက်ပိုင်းက ဂြိုဟ်ပတ်လမ်းအတွင်း သူလျှိုဂြိုဟ်တု တစ်လုံး လွှတ်တင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အစ္စရေး အာကာသလုပ်ငန်း (IAI) တို့က ပူးတွဲထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးညွှန်ကြားမှုဦးစီးဌာန၊အာကာသဌာနခွဲနှင့် အစ္စရေးအာကာသ လုပ်ငန်း (IAI) တို့က အာကာသအတွင်း ထောက်လှမ်း ရေးဂြိုဟ်တု “Ofek 16” ကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထောက်လှမ်းရေးဂြိုဟ်တုကို အစ္စရေးနိုင်ငံ အလယ်ပိုင်းရှိ နယ်မြေတစ်ခုမှ ယနေ့နံနက် ၄ နာရီတွင် လွှတ်တင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“Ofek 16” ဆိုသည်မှာ ခေတ်မှီ စွမ်းရည်များပါရှိသည့် အဆင့်မြင့် နည်းပညာသုံး သူလျှိုဂြိုဟ်တု တစ်လုံးဖြစ်ကြောင်း၊ ဂြိုဟ်တု အ ပြည့်အဝ မလည်ပတ်မီ အင်ဂျင်နီယာများက စမ်းသပ်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

ယခုကဲ့သို့ ထောက်လှမ်းရေး ဂြိုဟ်တုလွှတ်တင်နိုင်မှုက တိုင်းပြည် ၏ ကာကွယ်ရေး လုပ်ငန်းများအတွက် သာမန်ထက်ပိုသော အောင်မြင်မှု တစ်ခုဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့် ဇ်က ပြောသည်။

“ နည်းပညာ သာလွန်မှုနဲ့ ထောက်လှမ်းရေး စွမ်းဆောင်ရည်တွေက အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအတွက် မရှိမဖြစ် အရေးကြီးပါတယ်။ အခုဆိုရင် အစ္စရေးနိုင်ငံက ကမ္ဘာပေါ်မှာ ဂြိုဟ်တု လွှတ်တင်နိုင်တဲ့ ၁၃ ခုမြောက် တိုင်းပြည် ဖြစ်လာပါပြီ ” ဟု ၄င်းက ပြောသည်။

ပထမဆုံးသော “Ofek” ဂြိုဟ်တုကို ၁၉၈၈ ခုနှစ်တွင် လွှတ်တင်ခဲ့သည်။ ယနေ့အချိန်တွင် ကမ္ဘာပတ်လမ်းအတွင်း “Ofek 16” ဂြိုဟ်တုခြောက်လုံးရှိနေပြီဖြစ်သည်။ ကိုးကား ။ ဂျေအင်န်အက်စ် Crd ; People Media

Add a Comment

Your email address will not be published. Required fields are marked *