တရုတ်တွင် အထက်တန်း ကျောင်းသူ ကျာင်းသားများ လိုက်ပါလာ သော ဘတ်စ်ကားတစ်စီး ရေလှောင်တမံအတွင်း ထိုးကျမှုဖြစ်ပွား … ၂၁ ဦးထက်မနည်း သေဆုံး

တရုတ်တွင် အထက်တန်း ကျောင်းသူ ကျာင်းသားများ လိုက်ပါလာ သော ဘတ်စ်ကားတစ်စီး ရေလှောင်တမံအတွင်း ထိုးကျမှုဖြစ်ပွား … ၂၁ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ အထက်တန်း ကျောင်းသူကျောင်းသားများ လိုက်ပါလာတဲ့ ဘတ်စ်ကား တစ်စီး ရုတ်တရက် ဆန့်ကျင်ဘက် ယာဉ်ကြောသို့ ရောက်ရှိ သွားပြီးနောက် အကာအရံများကို ဝင်တိုက်ကာ ရေလှောင် တမံ အတွင်း ထိုးကျခဲ့ရာ ၂၁ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ ခဲ့ပါတယ်။

မနေ့က (ဇူလိုင် ၇ ရက်) နေ့ မွန်းလွဲပိုင်းက တရုတ်အနောက်တောင်ပိုင်း Guizhou ပြည်နယ် Anshun မြို့မှာ ဘတ်စ်ကား မတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Hongshan ရေလှောင်တမံ အတွင်း ထိုးကျနစ်မြုပ်ခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူ ၃၈ ဦးရှိခဲ့ပြီး အများစုဟာ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုမယ့် ကျောင်းသူကျောင်းသားများ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘတ်စ်ကား မတော်တဆဖြစ်ရပ် အကြောင်းရင်းကို အတိအကျ မသိရသေးပေမဲ့ CCTV မှတ်တမ်းအရ အပြာရောင် ဘတ်စ်ကားဟာ မောင်းနှင်လာစဉ် ရုတ်တရက် ဆန့်ကျင်ဘက် ယာဉ်ကြောသို့ ကွေ့ထွက် သွားခဲ့ပြီးနောက် အကာအရံတွေ ဝင်တိုက်ကာ ရေလှောင်တမံအတွင်း ထိုးကျသွားတာ တွေ့ရပါတယ်။

ဘတ်စ်ကား ရေလှောင်တမံ အတွင်း ထိုးကျသွားတဲ့ နေရာသို့ ရေငုပ်သမား ၁၉ ဦး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၄၁ ဦးက ကယ်ဆယ်ရေး သွားရောက် လုပ်ဆောင်ခဲ့ကြောင်း Guizhou ပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

ကယ်ဆယ်ရေး ခေါင်းဆောင်တစ်ဦးကThe Beijing News ကို ပြောကြားမှုအရ ဘတ်စ်ကား ထိုးကျသွားတဲ့ Hongshan ရေလှောင်တမံရဲ့ အနက်ဆုံး နေရာဟာ ပေ ၅၀ ခန့်ရှိကြောင်း သိရပါတယ်။ Crd : Duwun

Unicode … တရုတ်တွင် အထက်တန်း ကျောင်းသူ ကျာင်းသားများ လိုက်ပါလာ သော ဘတ်စ်ကားတစ်စီး ရေလာင်တမံအတွင်း ထိုးကျမဖြစ်ပွား … ၂၁ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမာ အထက်တန်း ကျောင်းသူကျောင်းသားများ လိုက်ပါလာတဲ့ ဘတ်စ်ကား တစ်စီး ရုတ်တရက် ဆန့်ကျင်ဘက် ယာဉ်ကြောသို့ ရောက်ရ သွားပြီးနောက် အကာအရံများကို ဝင်တိုက်ကာ ရေလာင် တမံ အတွင်း ထိုးကျခဲ့ရာ ၂၁ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ ခဲ့ပါတယ်။

မနေ့က (ဇူလိုင် ၇ ရက်) နေ့ မွန်းလွဲပိုင်းက တရုတ်အနောက်တောင်ပိုင်း Guizhou ပြည်နယ် Anshun မြို့မာ ဘတ်စ်ကား မတော်တဆမ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Hongshan ရေလာင်တမံ အတွင်း ထိုးကျနစ်မြုပ်ခဲ့တဲ့ ဘတ်စ်ကားပေါ်မာ လိုက်ပါလာသူ ၃၈ ဦးရခဲ့ပြီး အများစုဟာ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုမယ့် ကျောင်းသူကျောင်းသားများ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘတ်စ်ကား မတော်တဆဖြစ်ရပ် အကြောင်းရင်းကို အတိအကျ မသိရသေးပေမဲ့ CCTV မတ်တမ်းအရ အပြာရောင် ဘတ်စ်ကားဟာ မောင်းနင်လာစဉ် ရုတ်တရက် ဆန့်ကျင်ဘက် ယာဉ်ကြောသို့ ကွေ့ထွက် သွားခဲ့ပြီးနောက် အကာအရံတွေ ဝင်တိုက်ကာ ရေလာင်တမံအတွင်း ထိုးကျသွားတာ တွေ့ရပါတယ်။

ဘတ်စ်ကား ရေလာင်တမံ အတွင်း ထိုးကျသွားတဲ့ နေရာသို့ ရေငုပ်သမား ၁၉ ဦး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၄၁ ဦးက ကယ်ဆယ်ရေး သွားရောက် လုပ်ဆောင်ခဲ့ကြောင်း Guizhou ပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

ကယ်ဆယ်ရေး ခေါင်းဆောင်တစ်ဦးကThe Beijing News ကို ပြောကြားမအရ ဘတ်စ်ကား ထိုးကျသွားတဲ့ Hongshan ရေလာင်တမံရဲ့ အနက်ဆုံး နေရာဟာ ပေ ၅၀ ခန့်ရကြောင်း သိရပါတယ်။ Crd : Duwun

Add a Comment

Your email address will not be published. Required fields are marked *