ယနေ့နံနက်ပိုင်း မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် (၆) ဦး သေဆုံး
|မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် (၆) ဦး သေဆုံး
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီး တိုးဂိတ် အနီးတွင် ယနေ့နံနက်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် (၆) ဦး သေဆုံးပြီး ဖြစ်ကြောင်း သိရသည်။
Denko ဆီဆိုင်ရှေ့ အနီးတွင် ရပ်ထားသော ကွန်တိန်နာ ယာဉ်ကို KLUGER အမျိုးအစားယာဉ်က နောက်မှနေ၍ အရှိန်ဖြင့် ဝင်ဆောင့်ခဲ့ခြင်းဖြစ်ပြီး KLUGER ယာဉ်ပေါ်ပါသော (၆) ဦး အနက် (၅) ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ (၁) ဦးမှာ ဆေးရုံတွင် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။
“ Denko ဆီဆိုင်က CCTV မှာ ပြန်ကြည့်တဲ့အခါ တိုက်တဲ့အရှိန်ပြင်းတာကြောင့် ကွန်တိန်နာတောင် ရွေ့သွားတယ် ” ဟု အခင်းဖြစ်ပွားရာသို့ လာရောက်၍ ကယ်ဆယ်ရေး လုပ်ခဲ့သူတစ်ဦးက ပြောသည်။
အဆိုပါ နေရာသို့ ပုလဲ အရန်မီးသတ် တပ်ဖွဲ့မှ လူနာတင်ယာဉ် (၄) စီး ကယ်ဆယ်ရေးယာဉ် (၁) စီးတပ် ဖွဲ့ဝင် (၂၃) ဦး ဖြင့်သွားရောက် ကူညီခဲ့ပြီး မိသားစုများနှင့်လည်း ဆက်သွယ်ပေးခဲ့ကြကြောင်း သိရ သည်။ ဓာတ်ပုံ-Htin Lin Aung
Unicode … ယနေ့နံနက်ပိုင်း မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မကြောင့် (၆) ဦး သေဆုံး
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ အမတ် (၃) လမ်းမကြီး တိုးဂိတ် အနီးတွင် ယနေ့နံနက်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မကြောင့် (၆) ဦး သေဆုံးပြီး ဖြစ်ကြောင်း သိရသည်။
Denko ဆီဆိုင်ရ အနီးတွင် ရပ်ထားသော ကွန်တိန်နာ ယာဉ်ကို KLUGER အမျိုးအစားယာဉ်က နောက်မနေ၍ အရန်ဖြင့် ဝင်ဆောင့်ခဲ့ခြင်းဖြစ်ပြီး KLUGER ယာဉ်ပေါ်ပါသော (၆) ဦး အနက် (၅) ဦးမာ ပွဲချင်းပြီးသေဆုံးခဲ့ကာ (၁) ဦးမ ဆေးရုံတွင် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။
“ Denko ဆီဆိုင်က CCTV မာ ပြန်ကြည့်တဲ့အခါ တိုက်တဲ့အရန်ပြင်းတာကြောင့် ကွန်တိန်နာတောင် ရွေ့သွားတယ် ” ဟု အခင်းဖြစ်ပွားရာသို့ လာရောက်၍ ကယ်ဆယ်ရေး လုပ်ခဲ့သူတစ်ဦးက ပြောသည်။
အဆိုပါ နေရာသို့ ပုလဲ အရန်မီးသတ် တပ်ဖွဲ့မ လူနာတင်ယာဉ် (၄) စီး ကယ်ဆယ်ရေးယာဉ် (၁) စီးတပ် ဖွဲ့ဝင် (၂၃) ဦး ဖြင့်သွားရောက် ကူညီခဲ့ပြီး မိသားစုများနင့်လည်း ဆက်သွယ်ပေးခဲ့ကြကြောင်း သိရ သည်။ ဓာတ်ပုံ-Htin Lin Aung