ဂျပန်တွင် ရွှေတိဂုံစေတီတော် ပုံစံတူစေတီတော်ကို တည်ထားကိုးကွယ်မည်

ဂျပန်တွင် ရွှေတိဂုံစေတီတော် ပုံစံတူစေတီတော်ကို တည်ထားကိုးကွယ်မည်

ဂျပန်နိုင်ငံတွင် ရွှေတိဂုံစေတီတော် ပုံစံတူစေတီတော်ကို သိမ်တော် ကြီး၏ အပေါ်ဆုံးထပ်တွင် တည်ထားကိုးကွယ် သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံး ထံမှ ဇူလိုင်လ ၆ ရက်တွင် သိရသည်။

အဆိုပါ စေတီတော်ကို ဂျပန်နိုင်ငံ၊ အိဘာရာခိခရိုင်၊ ဟိုခိုတမြို့ ထေရဝါဒ ဓမ္မစာရီ မြန်မာကျောင်းတိုက်ရှိ သာသန သီရိဓရသီမာ (သာသနာ့ ကျက်သရေ ဆောင်သိမ်တော်ကြီး) အပေါ်ဆုံးထပ်တွင် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ သိမ်တော်ကြီး စတင်တည် ဆောက်ခြင်း ပန္နက်တော်တင်အခမ်းအ နားကို ဇူလိုင်လ ၄ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သိမ်တော်ကြီးကို သုံးထပ် အဆောက်အအုံ အဖြစ် တည်ဆောက်သွား မည်ဖြစ်ကာ အပေါ်ဆုံးထပ်တွင် ရွှေတိဂုံ စေတီတော်ပုံတူကို တည်ထားသွားရန် အတွက် စီစဉ်ထားခြင်းဖြစ်သည်။

သာသနာ့ ကျက်သရေဆောင်သိမ် တော်ကြီးကို သက်တော်ရှည် သရက်ဆရာ တော်ဘုရားကြီး ဦးဆောင်သော သံဃာ တော်အပါး ၂၀ က ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်က သိမ်သမုတ်ခဲ့ပြီး၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် အုတ်မြစ်တော်စီ အခမ်းအနား ပြုလုပ်ခဲ့သည်။

အဆိုပါ သာသနာ့ ကျက်သရေဆောင် သိမ်တော်ကြီး စတင်တည်ဆောက်ခြင်း ပန္နက်တော်တင်အခမ်းအနားကို ဂျပန် – မြန်မာ သာသနာပြု ဆရာတော် အရှင် ဦဏုတ္တရ နှင့် ဂျပန် ဗုဒ္ဓသာသနာပြုအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊

မြန်မာသံအမတ် ကြီးနှင့် မြန်မာသံရုံးမှ ဝန်ထမ်းများ၊ ဂျပန် နိုင်ငံဆိုင်ရာ မြန်မာ စစ်သံမှူး ( ကြည်း၊ ရေ၊ လေ) နှင့် စစ်သံရုံး မိသားစုများ၊ ဂျပန် အလှူရှင်များ၊ သိမ်တော်ကြီး ဒီဇိုင်း ရေးဆွဲ ခဲ့သည့် ဂျပန်ကုမ္ပဏီနှင့် သိမ်တော်ကြီးကို တည်ဆောက်မည့် ဂျပန် ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *