ပုသိမ်နှင့် ပန်းတနော်တွင် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက် နေသူ ကလေး ၂၀ ထိရှိလာ

ပုသိမ်နှင့် ပန်းတနော်တွင် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက် နေသူ ကလေး ၂၀ ထိရှိလာ

ဧရာတိုင်း၊ ပုသိမ်နဲ့ ပန်းတနော် မြို့နယ်မှာ ဇူလိုင်လ ပထမပတ်အ ထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားလို့ ဆေးရုံတက် ရောက်ဆေးကုသမှု ခံယူနေရသူ ၂၀ ထိ ရှိလာပြီလို့ သိရပါတယ်။

ပန်းတနော် မြို့နယ်မှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားလို့ဆေးရုံ တက်ရောက် ဆေးကုသမှု ခံယူနေရသူ ၈ ဦးရှိပြီး ဟင်္သာ တ၊ မအူပင် စတဲ့ ခရိုင် ဆေးရုံကြီးတွေကိုလည်း သွားရောက် ကုသမှု ခံယူ နေတဲ့ ကလေးတွေ ရှိတယ်လို့ ပန်းတနော် ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာ အေးမင်းသန်းက ပြောပါတယ်။

“ သွေးလွန် တုပ်ကွေးဖြစ်တဲ့ နေရာကို သွားပြီးတော့ ကာကွယ်ရေးလုပ်ငန်းတွေကို သွားလုပ် ပေးရတယ်။ အသိပညာပေး လုပ်ငန်းတွေကတော့ ကျန်းမာရေး ဝန်ထမ်းတွေ ကာကွယ်ဆေးထိုး တဲ့အခါမှာ ပြောဖို့မှာထားပါတယ်။ ”

ပန်းတနော်မြို့နယ်မှာ သွေးလွန်တုပ်ကွေး ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနက ဝန်ထမ်း တွေက ဧပြီလ ကစတင်ကာ အပိတ်ဆေး ( ပိုးလောက်လန်း သေဆေး ) ခပ်တာတွေ၊ ခြင်ဆေး ဖြန်းတာ တွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

အလားတူ ပုသိမ်ပြည်သူ့ ဆေးရုံကြီးကို သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားလို့ တက်ရောက် လာတဲ့ ကလေးငယ် ၁၂ ဦးထိရှိကြောင်း ပုသိမ်ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။

သွေးလွန် တုပ်ကွေး ရောဂါဟာ မိုးရာသီကာလ တွေဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေမှာ အဖြစ်များ တက်တာကြောင့် မိဘတွအနေနဲ့ ကလေးငယ်တွေကို ခြင်မကိုက်အောင် ဂရုစိုက်ဖို့ လိုအပ် တယ်လို့ ပြောပါတယ်။ Ref ; DVb

Add a Comment

Your email address will not be published. Required fields are marked *